ထားဝယ်တွင် ကလေးသူငယ်နှင့် လူငယ်များအကြား ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားလျက်ရှိ

ထားဝယ်တွင် ကလေးသူငယ်နှင့် လူငယ်များအကြား ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်ရှိကျေးရွာများနှင့် မြို့ပေါ်ရှိဆေးရုံများတွင် ကလေးသူငယ်နှင့် လူငယ်များအကြား ဝမ်းပျက်၊ ဝမ်းလျှောရောဂါပိုမို ဖြစ်ပွားလာကြောင်း ဒေသခံများထံမှ သိရသည်။

ထားဝယ်မြို့တွင် ပြီးခဲ့သည့် ဇွန်လနောက်ဆုံးအပတ်မှစပြီး မြို့ပေါ် ရပ်ကွက်အများစုတွင် ကလေးသူ ငယ်များနှင့် အသက် (၂၀) ဝန်းကျင်အရွယ် လူငယ်အများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ယခုဇူလိုင်လပထမ ပတ်အတွင်း ဆေးကုသမှုလာရောက်ခံယူသူ သိသိ သာသာများပြားလာကြောင်း ထားဝယ်မြို့ခံ လူနာအမျိုးသမီးတစ်ဦးက ပြောသည်။

“ ဆေးရုံမှာဆို မိသားစုလိုက် ဖြစ်တာတွေရော။ အများစုကတော့ ကလေးသူငယ်တွေမှာ ပိုပြီး အဖြစ်များတယ်။ လာရင် ကလေးနဲ့လူငယ်တွေပိုများတယ်။ တစ်ရက်ကို အနည်းဆုံးသုံးယောက်နဲ့ အထက်မှာ ရှိနေတယ်။ ပိုက်ဆံ တတ်နိုင်တဲ့ သူတွေကျတော့ ပုဂ္ဂလိက ဆေးရုံတွေကိုပဲ သွားကြတာများတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ဝမ်းပျက်၊ ဝမ်းလျှောရောဂါဟာ မသန့်ရှင်းသည့် အစားအစာများ စားသောက်မိရာမှတစ်ဆင့် ဖြစ်ပွား ခြင်းဖြစ်ပြီး သက်ကြီးရွယ်အိုများ နှင့် ကလေးသူငယ်အများစုထက် အပြင်တွင် လှုပ်ရှား သွာလာနေရသည့် နှစ်ဆယ်ကျော်အရွယ်များတွင် ပိုမိုဖြစ်ပွားနေသော်လည်း အသက်အန္တရယ်သေဆုံသူ မရှိသေးကြောင်း ကျန်းမာရေးလုပ်အားပေးနေသူ အမျိုးသားတစ်ဦးက ဆိုသည်။

“လူတွေက အခုအဖြစ်များနေတဲ့ ဆန်ဆေးရည်လိုမျိုးဝမ်းသွားမှာကို စိုးရိမ်နေကြတာလည်းပါတယ်။ အသက်သေဆုံးတဲ့သူတော့မရှိသေးပါဘူး၊ သိရသလောက်တော့။ ဒါပေမဲ့ ဝမ်းသွားတာများပြီး ရေဓာတ်ဆုံးရှုံးလို့ သတိလစ်တဲ့လူနာတွေတော့ ရှိလာပြီး။ ဂရုတော့စိုက်ရမှာပေါ့လေ။ တတ်နိုင် သလောက် အသန့်ရှင်းဆုံးနေတာ ကောင်းတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ထားဝယ်မြို့နယ်အတွင်းရှိ အရှေ့တောနယ်ဒေသတွင် နေထိုင်လျက်ရှိသည့် စစ်ဘေး ရှောင်များတွင်လည်း ယခုမိုးရာသီကာလအတွင်း ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများတွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း အသက်သေဆုံးသူမရှိသေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

အလားတူ ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြောင့် ဇူလိုင်(၆) ရက်နေ့ မှစတင်ပြီး ၁၂ ရက်နေ့အထိ ဆေးရုံတက်ကုသရသူ လူနာ (၅၃၄) ဦးအထိ ရှိနေပြီး ဖြစ်ကြောင်း ဒေသတွင်း သတင်းမီဒီယာများ ၏ ကောက်နုတ်ဖော်ပြချက်များ အရ သိရသည်။

ဝမ်းပျက်၊ဝမ်းလျှော ရောဂါမှ ကာကွယ်နိုင်ရန်အတွက် လက်ကိုစင်ကြယ်စွာဆေးကြောကြရန်၊ သန့်ရှင်းသည့် ရေကိုသောက်သုံးကြရန်၊ အစားအစာများကို ကျက်အောင်ချက်ပြီးမှစားသုံးကြရန်၊ အစားအစာများကို ယင်မနားအောင် ဂရုစိုက်ကြရန်နှင့် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှော ရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက ကျန်မာရေး ဌာန နှင့် ပြည်သူ့ဆေးရုံများတွင် သွားရောက်ပြသရန် သက်ဆိုင်ရာ ကျန်းမာရေးဌာနများက တိုက်တွန်းထားကြောင်း သိရသည်။။

May 9, 2026
“အာဏာပိုင်တွေစစ်ဆေးလာတဲ့အခါ စစ်ဆေးမှုခံယူဖို့လိုအပ်တယ်။ ကျနော်တို့ အထောက်ထားလက်မှတ်တွေကို...
Photo: KIC
May 8, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅)နယ်မြေ၊ မူတြော်ခရိုင်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖမ်း...
Photo: KIC
May 7, 2026
သံလွင်မြစ်အတွင်းရှိ ခရုများတွင် အာဆင်းနစ် (Arsenic) ဓာတ်ပါဝင်မှုမှာ ဘေးကင်းစိတ်ချရသည့် စံသတ်မှတ်...
Photo crd: Save the Trees Rescue Team
May 6, 2026
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က...