ကညင်ချောင်းစီးပွားရေးဇုန်က စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေး

ကညင်ချောင်းစီးပွားရေးဇုန်က စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေး

ရခိုင်ပြည်၊ မောင်တောမြို့အနောက်ဘက်ရှိ ကညင်းချောင်းစီးပွားရေးဇုန်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဇူလိုင်လ ၁၄ ရက်တွင် ဆုတ်ခွာထွက်ပြေးသွားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

“အဲဒီအနီးတဝိုက်မှာ မနေ့က တိုက်ပွဲတွေ တအားပြင်းတယ်။ ကညင်ချောင်းမှာ စစ်ကောင်စီက တပ်အင်အားဖြည့်ပြီးတော့ အခိုင်အမာချထားတာ။ မနေ့က အဲဒီအနီးတဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ အသည်းအသန်ဗုံးလာကြဲတယ်။ AA ထိုးစစ်ကို မခံနိုင်လို့ ထွက်ပြေးသွားတာ” ဟု မောင်တောဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကညင်ချောင်းစီးပွားရေးဇုန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော် တပ်စွဲထားပြီး ၎င်းတို့မှာ ဘဂ်လားဒေ့ရှ်နိုင်ငံနှင့် အခြားနေရာများသို့ ထွက်ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

ဇွန်လ ၁၄ ရက်က ကညင်ချောင်းအနီးတဝိုက်ကို လေကြောင်းပစ်ခတ်စဉ် ရွှေဇား(မွတ်ဆလင်)ကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး နေအိမ်များ မီးလောင်ပျက်စီးမှုရှိကြောင်း သိရသည်။

မောင်တောမြို့မှ မွတ်ဆလင်တစ်ဦးက “အဲဒီရွာကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲလို့ အိမ်တွေ မီးလောင်နေတာကို မြင်ရတယ်။ ပျက်စီးမှုအရေအတွက်ကို မသိရဘူး။ ရွာမှာလူမရှိဘူး။ တိုက်ပွဲဖြစ်ကတည်းက ထွက်ပြေးသွားကြပြီ” ဟု ပြောသည်။

ကညင်ချောင်းစီးပွားရေးဇုန်မှာ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးစခန်း ဖြစ်ပြီး စစ်ကောင်စီအတွက် နိုင်ငံခြားဒေါ်လာ ဝင်ငွေများစွာကို ရှာပေးနေသည့် နေရာလည်း ဖြစ်သည်။

မောင်တောဒေသရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် နခခ(၅) မြို့သူကြီးစခန်းအား AA က ဆက်လက်ထိုးစစ်ဆင်ကာ မြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး စစ်ကောင်စီကလည်း မောင်တောမြို့မကျရှုံးရေး လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် အသည်းအသန်ခုခံနေသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...