စစ်ကောင်စီ ဒုဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း တရုတ်စီမံကိန်းများ လုံခြုံရေးအပြည့်အ၀ ရရှိရေးဆွေးနွေး

စစ်ကောင်စီ ဒုဥက္ကဋ္ဌ၏ ခရီးစဉ်အတွင်း တရုတ်စီမံကိန်းများ လုံခြုံရေးအပြည့်အ၀ ရရှိရေးဆွေးနွေး

တရုတ်နိုင်ငံ ရှန်းဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် (ဇူလိုင် ၈-၉) သို့ တက်ရောက်ခဲ့သည့် စစ်ကောင်စီ ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ခရီးစဉ်အတွင်း  မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းများ လုံခြုံရေး အပြည့်အဝ ရရှိရေးအတွက်  နှစ်နိုင်ငံအကြား ဆွေးနွေးခဲ့ကြသည်ဟု BETV  သတင်းအရ သိရသည်။

၎င်းဆွေးနွေးပွဲကို တရုတ်နိုင်ငံ ချင်းတောင်မြို့က Qingdao International Conference Center မှာ ကျင်းပခဲ့ပြီး မြန်မာဘက်က နစကဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့သည်။

တရုတ်ဘက်ကတော့ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ရှန်တုန်းပြည်နယ်ကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (SCO) ရဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဖက်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ဒု-ဥက္ကဋ္ဌ တို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

“ မြန်မာနိုင်ငံမှာ အကောင်အထည် ဆောင်ရွက်သွားဖို့ရှိတဲ့ စီမံကိန်းလုပ်ငန်းများအတွက် လုံခြုံရေးအပြည့်အဝရရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေတွေကို တရုတ်-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်” ဟု အဆိုပါ သတင်းတွင် ဖော်ပြသည်။

တရုတ် အစိုးရအနေဖြင့် စစ်ကောင်စီ ထိပ်ပိုင်းတာဝန်ရှိသူများနှင့် မကြာခဏတွေ့ဆုံပြီး နိုင်ငံအတွင်းက လုပ်လက်စ တရုတ်စီမံကိန်းမျာ ကို အမြန်ဆုံးပြီးစီးရေးနှင့် ထပ်မံဖော်ဆောင်မည့် စီမံကိန်းအသစ်များကို အမြန်ဆုံး စတင်နိုင်ရေး ဆွေးနွေးလျက်ရှိနေသည်ဟု ဆိုသည်။

တရုတ်မှ မြန်မာတွင် ရင်းနှီးမြုပ်နှံထားသည့် စီမံကိန်းများ အထဲက ထင်ရှားသည့် စီမံကိန်းတစ်ခုဖြစ်သည့်  ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ယခုနှစ်ကုန်ပိုင်းမှာ စတင်နိုင်ရန် လျာထားကြောင်း သိရသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် တရုတ်ခေတ်သစ်ပိုးလမ်းမကြီး - BRI ၏  အစိတ်အပိုင်းလည်း ဖြစ်ပြီး ယခင်သဘောတူညီချက်များ အရ စီမံကိန်းအတွက် ကန်ဒေါ်လာ ၁.၃ ဘီလီယံ အသုံးပြုသွားရန် စီစဉ်ထားသည်ဟု ဆိုသည်။

စစ်ကောင်စီ ဒုဥက္ကဋ္ဌ၏ တရုတ် ခရီးစဉ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ အွန်လိုင်း လောင်းကစားမှု ပပျောက်ရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ သတင်းအချက်အလက် ဖယှယ်ရယူရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇူလိုင် ၆ ရက်နေ့က တရုတ်သို့ ထွက်ခွာသွားပြီး  ၉ ရက်နေ့တွင်  နေပြည်တော်သို့ ပြန်လည် ရောက်ရှိလာသည်ဟု သိရသည်။

(ဓာတ်ပုံ- ရခိုင်ပြည် အမ်း- မင်ဘူး ကားလမ်းဘေး ရိုးမတောင်ပေါ်တွင် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းမှ တရုတ်လူမျိုးများနေထိုင်ရာ အဆောက်အဦများ)

ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...
ဓာတ်ပုံ - (မောင်တောတွင် ကင်းလှည့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအတွင်း တွေ့ရစဉ် / Arakan Princess Media)
August 31, 2026
ရခိုင်/အာရက္ခပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တောင်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် ARSA...
ဓာတ်ပုံ - (ငါးဖမ်းလှေများ - ပုံဟောင်း / Crd)
August 31, 2026
ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် စစ်အုပ်စုတပ် ရေတပ်၏ စစ်သင်္ဘော (နေဗီ...