ချီဖွေစစ်ရှောင်စခန်း တစ်ဆောင် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး

ချီဖွေစစ်ရှောင်စခန်း တစ်ဆောင် ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ပျက်စီး

ချီဖွေမြို့ပေါ်မှာရှိတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် KBC စစ်ရှောင်စခန်းထဲက အဆောင်တစ်ဆောင် ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ ဒီမနက် ၃ နာရီဝန်းကျင် ဝါယာရှော့ခ်ကနေတစ်ဆင့် အဆောင်တစ်ခုလုံး မီးကူးစက်လောင်ကျွမ်းသွားတာဖြစ်တယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက  ခုလိုပြောပါတယ်။

“ ဒီမနက် ၃ နာရီမှာ ဝါယာရှော့ခ်ကြောင့်စလောင်တာ ဘာမှမရလိုက်ဘူး ”လို့ပြောပါတယ်။

ဝါယာရှော့ခ်ကြောင့် မီးလောင်သွားတဲ့အဆောင်ဟာ အိမ်ထောင်စု  ၉ စု လူဦးရေ ၄၅ ဦးဝန်းကျင်နေထိုင်တဲ့ အဆောင်တန်းလျားဖြစ်ပြီး ဝါယာရှော့ခ်ဖြစ်ချိန်မှာ မနက်ပိုင်း အိပ်မောကျချိန်ဖြစ်တာကြောင့် ပစ္စည်းယူနိုင်တာမရှိဘူးလို့သိရပြီး လူထိခိုက်တာလည်းမရှိဘူးလို့ သိရပါတယ်။

ချီဖွေမြို့မှာ ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့တစ်ကြိမ်၊ ဇွန်လ ၂၉ ရက်နေ့တစ်ကြိမ် မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စစ်ရှောင်တွေ နှစ်ကြိမ်တိတိရေဘေးသင့်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ညမှာလည်း အဆောင်ထပ်ပြီး မီးလောင်သွားတာရှိတဲ့အတွက် အရေးပေါ်ကူညီထောက်ပံံ့မှုတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

“ချီဖွေမှာ ရေ ၂ခါကြီးပြီ စစ်ရှောင်တွေက စစ်ဘေး၊ရေဘေး၊ခုမီးဘေးကျတဲ့သူတွေလည်းရှိတော့ အကူညီတွေတော့လိုအပ်နေပါတယ်”လို့ နောက်ထပ်စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။

ချီဖွေမြို့ဟာ မြစ်ကြီးနားကနေ အရှေ့မြောက်ဘက် ၈၈ မိုင်ခန့်အကွာမှာရှိပြီး မေခမြစ်ကမ်းပေါ်မှာရှိတဲ့အပြင် စစ်ရှောင်စခန်းဟာလည်း မြစ်ကမ်းနံဘေးမှာဆောက်လုပ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ချီဖွေမြို့ဟာ ပန်ဝါမြို့နဲ့ မိုင် ၄၀ အကွာမှာရှိပြီး မြစ်ကြီးနား– ပန်ဝါသွားတဲ့လမ်းမကြီးပေါ်မှာရှိတဲ့မြို့ဖြစ်ကာ မြောက်ဖက်မှာ လောခေါင်၊ထော့်ဂေါ့၊ဆော့လော်မြို့ရှိပါတယ်။

ချီဖွေမြို့ပေါ်မှာဘဲ လော်ဝေါ်နှစ်ခြင်းအသင်းတော်ဝင်း LBC မှာ စစ်ရှောင်စခန်းတစ်ခုရှိသလို KBC စစ်ရှောင်စခန်းမှာလည်း စစ်ရှောင်စခန်းတစ်ခုရှိပြီး ခုမီးလောင်တဲ့အဆောင်ဟာ KBC စခန်းမှာရှိတဲ့အဆောင်ဖြစ်ပါတယ်။

ချီဖွေမြို့ KBC စစ်ရှောင်စခန်းမှာ စစ်ရှောင် အိမ်ထောင်စု ၁၀၀ စုနဲ့ လူဦးရေ  ၈၇၀ ကျော်ရှိပြီး၂၀၁၂ခုနှစ် တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သူတွေ ဖြစ်ကြပါတယ်။

August 28, 2026
မြစ်ကြီးနား - မန္တလေး ကားလမ်းပိုင်း၊ အင်းတော်ကွင်းလမ်းတွင် ခရီးသွားယာဉ်နှင့် ကုန်ကား...
ဓာတ်ပုံ - (စစ်အုပ်စုတပ်ပါဝင်သည့် စက်လှေတစ်စီး ပစ်ခတ်တိုက်ခိုက်ခံရသည့် မြင်ကွင်း / Crd)
August 27, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်တွင် စစ်အုပ်စုတပ်က မော်တော်ယာဉ်၊ ကားသမားနှင့် အရပ်သားများကို အဓမ္မ...
ဓာတ်ပုံ - (ပူတာအိုဒေသအတွင်း တွေ့ရသည့် တန်ဂူးတန်ရဝမ် ပြည်သူ့စစ်အဖွဲ့ / Crd)
August 27, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ရေယာဉ်အုပ်စု / Crd)
August 26, 2026
မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ သင်္ဘောအုပ်စု...