စစ်ကောင်စီလက်ချက်ကြောင့် ဇွန်လအတွင်း အမျိုးသမီး ၁၂၆ ဦး သေဆုံးဒဏ်ရာရ

စစ်ကောင်စီလက်ချက်ကြောင့် ဇွန်လအတွင်း အမျိုးသမီး ၁၂၆ ဦး သေဆုံးဒဏ်ရာရ

ရခိုင်အပါဝင် တိုင်းနှင့်ပြည်နယ် ၇ ခုတွင် စစ်ကောင်စီလက်ချက်ကြောင့် ဇွန်လအတွင်း အမျိုးသမီး ၆၇ ဦးသေဆုံးပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ဇူလိုင်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

လေကြောင်း/လက်နက်ကြီးပစ်ခတ်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ ထောင်တွင်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနှင့် မြေမြှုပ်မိုင်း တို့ကြောင့် သေဆုံးဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ပြီး သေဆုံးသူများထဲမှ ၁၄ ဦးမှာ အသက် (၁၈)နှစ်အောက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ အမျိုးသမီးသေဆုံးနှုန်းနဲ့ ဒဏ်ရာရရှိသူစာရင်းက မေလထက် ထက်ဝက်နီးပါးတိုးလာတာကို တွေ့ရတယ်” ဟု  BWU က ဆိုသည်။

BWU စာရင်းအရ ပြီးခဲ့သည့်မေလအတွင်း နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး သေဆုံးဒဏ်ရာရရှိသူ ၆၈ ဦးရှိခဲ့သည်။

နိုင်ငံတဝန်းတွင် စစ်ရှုံးနေသောစစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက် ကျူးလွန်နေခြင်းကြောင့် အရပ်သားပြည်သူများမှာ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေကြရသည်။

စစ်ရေးအရှိန်မြင့်တက်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးသူဦးရေ တဖြည်းဖြည်းမြင့်တက်နေပြီး ယင်းအထဲတွင် ကလေးငယ်နှင့် အမျိုးသမီးဦးရေ အများအပြားပါဝင်သည်။

ဇူလိုင်လ ၂ ရက်က သံတွဲမြို့နယ်၊ မြုံပြင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် လာရောက်ပစ်ခတ်မှုကြောင့် ကလေးငယ်များအပါအဝင် အမျိုးသမီး (၅) ဦး ဒဏ်ရာရှိခဲ့သည်။

ရခိုင်က လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက “နိုင်ငံတစ်ဝန်းမှာ စစ်ရေးပဋိက္ခတွေ ပိုပြီး ပြင်းလာသလို စစ်ကောင်စီကလည်း အရပ်သားတွေကိုပစ်မှတ်ထားတာ ပိုပြီးပေါ်လွင်လာတယ်။ အရပ်သားထိခိုက်သေဆုံးမှုက နေ့စဉ်ရှိနေတယ်။ ဒါတွေကို နိုင်ငံတကာက ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဖို့လိုအပ်တယ်” ဟု ပြောသည်။

စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသရှိ ကလေးငယ်များနှင့် အမျိုးသမီးများမှာ စစ်ပွဲ၏ဒဏ်ကို အများဆုံးခံစားကြရပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့ကာ ကျန်းမာရေး၊ စားဝတ်နေရေးစသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေကြရသည်။

July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...