အမ်းမြို့ကို ဝိုင်းရံထားသည့် စစ်ကောင်စီတပ်စခန်းများကို AA က ပိတ်ဆို့တိုက်ခိုက်နေ

အမ်းမြို့ကို ဝိုင်းရံထားသည့် စစ်ကောင်စီတပ်စခန်းများကို AA က ပိတ်ဆို့တိုက်ခိုက်နေ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့ကို ဝိုင်းရံထားသည့် စစ်ကောင်စီတပ် စခန်းအားလုံးကို အာရက္ခတပ်တော် (AA)က ယခုရက်ပိုင်းအတွင်းမှစတင်ကာ ပိတ်ဆို့တိုက်ခိုက်နေကြောင်း ခိုင်လှုံသည့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

“အမ်းမြို့ရှေ့က ကာထားတဲ့ ကာကင်းစခန်းတွေကို တစ်ခုမကျန် အကုန်ဖြိုတိုက်နေတယ်။ ‌လေးဘက်လေးတန်က ပိတ်တိုက်နေတာ။ စစ်ကူလာတဲ့ လမ်းပေါက်တွေကိုလည်း ပိတ်တိုက်နေတာရှိတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

AA ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားအချို့မှာ စခန်းစွန့်ခွာ ထွက်ပြေးမှုများရှိနေကြောင်း သတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီအတွက် အရေးပါသည့် အမ်းမြို့နယ်ရှိ တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန် ၂၃ ရက်တွင် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ယင်းနောက် အမ်းမြို့နယ်၊ ရှောက်ခြုံကျေးရွာအနီး မဲတောင်ရှိ စစ်ကောင်စီ၏ အမှတ်(၁)၊ (၂)၊ (၃) ၊ (၄) ၊ (၅)၊ တပ်စခန်း (၅)ခုကို AA က တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံလျက်ရှိကြောင်း သိရသည်။

“တိုက်ပွဲက ပြင်းနေတော့ စစ်ကောင်စီက လေကြောင်းကနေ အဓိက ဗုံးလာကြဲနေတယ်” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။

အမ်းမြို့နယ်တွင် နပခ၊ ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင်အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိသည်။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက အမ်း၊ မောင်တော၊ သံတွဲမြို့နယ်တို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မြို့နယ်တွင်လည်း နှစ်ဘက်တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်ပွားလျက်ရှိသည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲစတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ လက်ရှိတိုက်ပွဲကာလ ၈ လတာအတွင်း အာရက္ခတပ်တော် (AA) က ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...