အိန္ဒိယဗဟိုအစိုးရနှင့် ထောင်တာဝန်ရှိသူတွေများ ညှိနှိုင်းနေစဉ်အတွင်း မြန်မာဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြမှု ယာယီရပ်နား

အိန္ဒိယဗဟိုအစိုးရနှင့် ထောင်တာဝန်ရှိသူတွေများ ညှိနှိုင်းနေစဉ်အတွင်း မြန်မာဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြမှု ယာယီရပ်နား

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာထောင်မှာ ဖမ်းဆီးခံရတဲ့  မြန်မာဒုက္ခသည်တွေအနေနဲ့ ဗဟိုအစိုးရက အင်ဖာထောင် ထောင်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးတဲ့ အတောတွင်း အစာငတ်ငတ်ခံ ဆန္ဒပြတာ ယာယီဆိုင်းငံ့လိုက်တယ်လို့ (India For Myanmar) ဦးဆောင်သူ ဆလိုင်းဒိုခါရ်ကပြောပါတယ်။

(India For Myanmar) ဦးဆောင်သူ ဆလိုင်းဒိုခါရ်က “ ယာယီရပ်နားလိုက်တယ် အကြောင်းရင်းက သူတို့တောင်းဆိုချက်က ဗဟိုကနေ ဆုံးဖြတ်ပေးနိုင်တဲ့ဟာဖြစ်တော့ ပြည်နယ်အစိုးရအနေနဲ့ဆိုရင် သူတို့လုပ်ပေးနိုင်တာက စစ်ကောင်စီသံရုံးနဲ့ ညှိပေးပြီးတော့ မြန်မာပြည်လွှဲတဲ့ကိစ္စပေါ့ အခုက မြန်မာပြည်ပြန်လွှဲတဲ့ကိစ္စမလိုချင်တဲ့ခါကြတော့ ဗဟိုအစိုးရကို ထောင်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးနေတယ်ဆိုတော့ အဲဒီညှိနှိုင်းပေးတဲ့ အတောတွင်းကာလ ယာယီရပ်နားတဲ့သဘောပါ တကယ်လို့ ဗဟိုအစိုးရက သူတို့တောင်းဆိုချက်ကို အကောင်ထည်ဖော်ပေးတာမျိုးမရှိရင် ပြန်ပြီးဆန္ဒပြသွားကြဖို့ရှိပါတယ်”လို့ပြောပါတယ်။

အစာငတ်ခံဆန္ဒပြသူ ၆၆ ဦးဟာ ရက်ပေါင်း ၁၈ ရက်ကြာ အစာငတ်ခံဆန္ဒပြခဲ့ပြီး အများစု အိပ်ယာကနေ မထနိုင်တဲ့ အခြေနေထိလည်း ဖြစ်ခဲ့သလို အဲဒီထဲက အသက်ကြီးပိုင်း ၂ ဦးဟာလည်း ဆေးကုသမှုခံယူခဲ့ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေပေါ် အပြစ်ဒဏ်နဲ့ ငွေဒဏ်တွေ ကျခံစေပြီး ဆက်လက်ဖမ်းဆီးထိန်းသိမ်းရာကနေ အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ စစ်ကောင်စီထံ လွှဲပြောင်းတာတွေ မလုပ်ဖို့ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက််နေ့ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

လက်ရှိအိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲက ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာဒုက္ခသည် ၁၅၀ ကျော်ရှိသလို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ကလည်း အင်ဖာထောင်က မြန်မာဒုက္ခသည် ၃၈ ဦးကို မြန်မာနိုင်ငံကို လွှဲပြောင်းတာမျိုးရှိခဲ့ပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...