ညောင်လေးပင်ခရိုင်တွင် နှစ်ဝက်အတွင်း တိုက်ပွဲပေါင်း(၉၆)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံး

ညောင်လေးပင်ခရိုင်တွင် နှစ်ဝက်အတွင်း တိုက်ပွဲပေါင်း(၉၆)ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံး

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး သားများကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၃) နယ်မြေတွင် ယခု ၂၀၂၄ ခုနှစ်၊ နှစ်ဝက်အတွင်း KNDO နှင့်စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲပေါင်း (၉၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှတပ်ဖွဲ့ဝင်ပေါင်း (၂၇၃)ဦး သေဆုံးခဲ့ကြောင်း KNU ဗဟို၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အတွင်း ညောင်လေးပင်ခရိုင် နတ်သံကွင်း-ကျောက်ကြီး-မူသယ်မှ တပ်မဟာ(၅) ဖာပွန်ခရိုင် နယ်စပ်အထိ ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရုံမျှမက (၁၅၁)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီက ထောက်ပို့အတွက်အသုံးပြုနေသော စစ်သုံးယာဥ်(၃)စီးနှင့်မော်တော်ဆိုင်ကယ်(၇)စီး လည်း ပျက်စီးခဲ့သည်ဟု KNU ဗဟိုက ဖော်ပြသည်။

ထို့အပြင် လက်နက်ခဲယမ်းအဖြစ် စစ်ကောင်စီထံမှ MA အမျိုးအစား သေနတ်(၁)လက်၊ ကျည် (၁၂၀၀)အပြင် M-14 (၅)လုံးနှင့် ၆၀ မမ (၆)လုံးတို့ကို KNDO ဘက်က သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်က အထိအခိုက်များခဲ့သည့် တိုက်ပွဲအတွင်း KNDO တပ်ဖွဲ့ဝင် (၄)ဦးသေဆုံး၍ (၁၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အာဏာသိမ်းပြီးနောက် ညောင်လေးပင်ခရိုင်တွင် KNU လက်အောက်ခံတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ ပူးပေါင်းပြီး စစ်ကောင်စီနှင့် နှစ်ဖက်တိုက်ပွဲ များပိုမိုပြင်းထန်ခဲ့သလို ပူးပေါင်းတပ်က သိမ်းပိုက်ထားနိုင်သော စစ်ကောင်စီတပ် စခန်း(၁၀)ခုထက်မနည်း ရှိနေသည်ဟု တပ်မဟာ(၃)သတင်းအရင်းအမြစ်များက ကေအိုင်စီသို့ ပြောဆိုထားသည်။

ထို့ကြောင့် ၎င်းတို့လက်လွှတ်ခဲ့ရသော စခန်းများကို ပြန်လည်သိမ်းယူနိုင်ရေး စစ်တပ်က မေလပိုင်းမှစ၍ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများတစ်လျှောက် စစ်ကြောင်းထိုးလာနေပြီး လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းပစ်ကူမှုများကြောင့် ဒေသခံများမှာ အသက်ဘေးလွတ်ရာ ထွက်ပြေးနေရသည်။

April 11, 2026
“ကော်သူးလေအစိုးရကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဆိုပြီး ပြောင်းလဲသတ်မှတ်ဖို့ ရှိနေတယ်။...
Photo: KIC
April 11, 2026
ကော်သူးလေဖက်ရယ်ယူနစ်တည်ဆောက်ရေးတွင် အဓိကကျသော တော်လှန်ရေးကာလ ကော်သူးလေ ပဋိဉာဉ်ကို...
Photo: KNU
April 10, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနယ်မြေ၊ တပ်မဟာ(၇)၊ ဖားအံခရိုင်အတွင်းရှိ အကျဥ်းထောင်မှ...
April 9, 2026
စစ်ခေါင်းဆောင်မင်းအောင်လှိုင် အစိုးရအသစ်အနေဖြင့်တက်လာအပြီး ကရင်ပြည်နယ်၊ ဖားအံမြို့နယ်...