တနင်္သာရီက ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီလက်လွှတ်

တနင်္သာရီက ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီလက်လွှတ်

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့က ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတယ်လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစု စစ်ကြောင်းထံကနေ သိရပါတယ်။

တပ်အင်အား ၃၀ ကျော် တပ်စွဲထားတဲ့ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့မှာ စခန်းစွန့်ခွာထွက်ပြေးသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာထွက်ပြေးသွားတဲ့ အဲဒီနယ်စပ်စခန်းကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ နယ်မြေရှင်း လင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနယ်စပ်စခန်းကို တော်လှန်ရေးအင်အားစုတွေ ရက်ပေါင်း ၂၀ ကျော်ကြာ ပိတ်ဆို့ထားတဲ့အတွက် စစ်ကောင်စီဘက်က စခန်းစွန့်ခွာထွက်ပြေးသွားတာ ဖြစ်တယ်လို့ တောင်ပိုင်းညီနောင်များတပ်ပေါင်းစုစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်း-မြန်မာနယ်စပ်ကနေတဆင့် ထိုင်းအကူအညီနဲ့ မောတောင်မြို့ထံ ပြန်လည်ရောက်ရှိသွားပြီလို့ ဆိုပါတယ်။

ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို မောတောင်မြို့နဲ့ ၁၄ မိုင်လောက်သာ ကွာဝေးပြီး နယ်စပ်လုံခြုံရေးအတွက် အလွန်အရေးပါတဲ့ စစ်စခန်းတစ်ခုဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ တနင်္သာရီမြစ်နံဘေးမှာရှိတဲ့ ကျောက်လုံးကြီးဗျူဟာစခန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားခဲ့ပါသေးတယ်။

ဒါပေမယ့် ဇွန် ၁၉ ရက်နေ့မှာတော့ ကျောက်လုံးကြီးစခန်းကို ပြန်လည်ရယူနိုင်ဖို့ အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် အထိနာပြီး တပ်ပြန်ဆုတ်သွားခဲ့ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ တနင်္သာရီတိုင်းမှာ အခုနှစ်အတွင်း စစ်ကောင်စီ တပ်စခန်း ၁၀ ခုကို တော်လှန်ရေးတပ်ဖွဲ့ဘက်က သိမ်းပိုက်ရရှိထားပြီး တပ်စခန်းနှစ်ခုကိုတော့ စစ်ကောင်စီဘက်က လက်လွှတ်ခဲ့တာပါ။

August 31, 2026
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို...
August 31, 2026
မွန်ပြည်တွင် စီးပွားရေး လက်နက်ကိုင်အဖွဲ့များဖြစ်သည့် DKBA ၊ PC နှင့် BGF တို့သည်...
ဓာတ်ပုံ - MOI
August 29, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အသွင်ပြောင်း အစိုးရ လက်ထက် ၄ လကျော် ကာလအတွင်း တရားဥပဒေ စိုးမိုးမှု...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ ခလွန်ကျေးရွာ၌ ယခုရက်ပိုင်းအတွင်း ထိုင်းကုန်ပစ္စည်း...