ဖလမ်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူ လူဦးရေ ထောင်ကျော် သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ သိရ

ဖလမ်းမြို့နယ်က စစ်ဘေးရှောင်ပြည်သူ လူဦးရေ ထောင်ကျော် သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ သိရ

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူ လူဦးရေ ထောင်ကျော် သောက်သုံးရေ ရှားပါးတဲ့ အခက်အခဲတွေကြုံနေရတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။

(CNO) သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက “ လက်ရှိဖလမ်းမြို့နယ်ထဲမှာ စစ်ဘေးရှောင်နေတဲ့ လူဦးရေက ၁၇၀၀ ကျော်ရှိတယ် နောက်ပြီး တစ်ရွာထဲမှာ စုပြီးနေကြတာမျိုးမဟုတ်ဘူး ဖလမ်းအရှေ့ဘက်ခြမ်းမှာ စစ်ဘေးရှောင်ကြသလို ဖလမ်းအနောက်ဘက်ခြမ်းမှာလဲ ရှိကြတယ် လက်ရှိ သောက်သုံးရေ ရှားပါးတဲ့  ပြဿနာဖြစ်တယ် ရေသွယ်လို့ ရအောင်  ပိုက်ခွေတွေ အများကြီးလိုအပ်တယ်” လို့ပြောပါတယ်။

ဖလမ်းမြို့နယ်က ကျေးရွာပေါင်း ၈ ရွာမှာ  စစ်ဘေးရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူဟာ ၁၇၀၀ ကျော်ရှိပြီး အဓိက သောက်သုုံးရေရှားပါးမှု အပြင် စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား ငါးပိတွေလည်း လိုအပ်နေကြတယ်လို့ သိရပါတယ်။

ဖလမ်းမြို့နယ်မှာ စစ်ဘေးရှောင်ကြတဲ့သူတွေဟာ ကလေးမြို့နယ်ကနေ စစ်ဘေးလာရှောင်ကြတဲ့သူတွေနဲ့ ဖလမ်းမြို့နယ်က စစ်ဘေးရှောင်တွေ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

Most read this week

June 15, 2026
ချင်းပြည်နယ်၊ မတူပီမြို့နယ် ၊ ငလိုင်ရွာမှာ ဒီကနေ့ ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၆ နာရီလောက်မှာ...
June 13, 2026
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ Khumi People Front (KPF) နာမည်နဲ့ အသစ်ပေါ်ထွက်လာတဲ့...
June 12, 2026
စစ်ကိုင်းတိုင်း ကလေး - တမူး လမ်းမပေါ်မှာတည်ရှိတဲ့ ကလေးမြို့နယ်မြောက်ပိုင်းက အရှေ့ခုံသာ နဲ့...
June 11, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲတာတွေကို...