တီးတိန်မြို့နယ် ကနေဒီတောင်ခြေတဝိုက်ကကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာစစ်ဆေးနေ

တီးတိန်မြို့နယ် ကနေဒီတောင်ခြေတဝိုက်ကကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းကာစစ်ဆေးနေ

ဇွန်လ ၁၈ ရက် ၊ညနေ ၆ နာရီ ဝန်းကျင်မှာ  ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင်ထိပ်ကို ချီတက် သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာတောင်ခြေ လမ်းမဘေး ရွာတွေကို ဝင်ရောက်ပြီးဖမ်းဆီးမှုများ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ကနေဒီတောင်ခြေလမ်းဘေးကျေးရွာတွေဖြစ်တဲ့ ဆူဇန်ရွာကို ဝင်ရောက်ခဲ့ပြီး ရွာရှိယောင်္ကျားအားလုံး နှင့် ခရီးသွားသူများကို ဖမ်းဆီးလက်ပြန်ကြိုးတုပ်က စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ရင်း ဖုန်းဆင်မ်းကဒ်များကိုသိမ်းယူ သွားတယ် လို့ ဒေသခံများ ထံမှ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်မှု ကြောင့် ဆူဇန်ရွာသားတချို့ဒဏ်ရာ ရရှိမှု ရှိတယ်လို့ ကြားသိရပြီး ဖမ်းဆီးသူ အားလုံးကို ညဦးပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သည်ဟုလည်း သိရပါတယ်။

ဆူဇန်ရွာနဲ့ အနီးဆုံးရွာ တရွာ ဖြစ်တဲ့ Phunomရွာရှိ ဒေသခံများလည်း စစ်ကောင်စီ တပ်များစစ်ကြောင်းထိုး ဝင်ရောက်နိုင်သည် ဟူသော သတင်းကြောင့် တောင်ယာများသို့ ညတွင်းချင်း တိမ်းရှောင် ထွက်ပြေး နေရသည်ဟုလည်း ဒေသခံများ ထံမှ သိရပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ကလေး-တီးတိန် အကြား ခရီးသွားမည့် ပြည်သူများ အနေဖြင့် ယခု ရက်ပိုင်း အတွင်း ခေတ္တခဏ နားထားသင့်တယ်လို့ရေးသားနေကြပါတယ်။

July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...
July 9, 2026
အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး အတွက် အသက်သွေးကြောဖြစ်သည့် ကလေး - တမူး လမ်းမကြီးပေါ်ရှိ...