ရေဖြူမြို့နယ်ရှိ ကျေးရွာအတွင်း စစ်ကောင်စီတပ်တို့ ဝင်ရောက်လှုပ်ရှားနေပြီး နေအိမ်တို့ကို ချိတ်ပိတ်သိမ်းယူနေ

ရေဖြူမြို့နယ်ရှိ ကျေးရွာအတွင်း စစ်ကောင်စီတပ်တို့ ဝင်ရောက်လှုပ်ရှားနေပြီး နေအိမ်တို့ကို ချိတ်ပိတ်သိမ်းယူနေ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ရာဖူးရွာသစ်၊ ရာဖူးကျေးရွာနှင့် သာယာမွန်ကျေးရွာတို့တွင် စစ်ကောင်စီတပ်သည် ယနေ့ဇွန်လ ၁၃ ရက်နေ့အထိ ဝင်ရောက်လှုပ်ရှားလျှက်ရှိပြီး နေအိမ်တို့ကို ချိတ်ပိတ်သိမ်းယူနေကြောင်း  သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့မှစပြီး  စစ်ကောင်စီတပ်များသည်  အဆိုပါကျေးရွာအတွင်း စတင်ဝင်ရောက်လှုပ်ရှားခဲ့ရာ ဇွန်လ ၉ ရက်နေ့တွင် ရပ်ကွက်အတွင်းရှိနေအိမ်တို့ကြား စခန်းချနေထိုင်နေသည်ဟု သိရသည်။



၎င်းအပြင် ရာဖူးကျေးရွာအတွင်းရှိ နေအိမ် ၂ အိမ်ကို တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ဆက်စပ်မှုရှိနေသည်ဟုဆိုကာ ချိတ်ပိတ်လိုက်ပြီး ထိုနေအိမ်အတွင်း ဝင်ရောက်နေထိုင်နေသည်ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကောင်တပ်သားတို့က အဲ့ဒီရွာတွေကြားမှာ အဝင်အထွက်လုပ်နေတာ၊ အုပ်စုတွေခွဲပြီး နေအိမ်တွေကြားမှာ နေနေကြတာ၊ ရာဖူးကအိမ် ၂ လုံးကိုလည်း ချိတ်ပိတ်သိမ်းလိုက်တယ်။ အဲ့အိမ်တန်ဖိုးကလည်းမနည်းဘူး၊ အိမ်ထဲကပစ္စည်းတွေလည်း ကားနဲ့အကုန်သယ်သွားပြီး သူတို့ဝင်နေနေကြတာ ” ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ သိမ်းယူထားသည့် နေအိမ် ၂ အိမ်မှ ပစ္စည်းတို့ကိုလည်း ကားဖြင့်သယ်ယူသွားသည်ဟု  သိရသည်။

၎င်းအပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကို အားပေးအားမြှောက်ပြုခြင်း၊ထောက်ပံ့ခြင်း၊ အကူအညီပေးခြင်းများ  ပြုလုပ်မည်ဆိုလျှင် အရေးယူဖမ်းဆီးမည်ဟုလည်း ဒေသခံတို့ကို ခြိမ်းခြောက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“စစ်တပ်ကနေပြီးတော့ စစ်ရှောင်နေတဲ့လူတွေကို ပြန်လာဖို့ခေါ်တယ်၊ မပြန်လာရင် အိမ်တွေကိုသိမ်းမယ်။ မီးရှို့မယ်။ ခြိမ်းခြောက်တာ ပေါ့လေ။ တစ်ချို့ကတော့ ပြန်ကြတယ်။ တစ်ချို့ကြတော့ မပြန်ရဲကြဘူး။တော်လှန်ရေးတပ်ဖွဲ့တွေ ရွာမှာရှိတုန်းက အကူအညီပေးထားကြတော့ အဖမ်းခံရမှာလည်းကြောက်တာပေါ့လေ ” ရေဖြူဒေသခံတစ်ဦးက ပြောသည်။

ရာဖူးရွာသစ်၊ ရာဖူးကျေးရွာ၊ သာယာမွန်အတွင်း စစ်ကောင်စီတပ်များသည်  စခန်းချနေထိုင်နေသည့်အပြင် ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီ မောရဝတီရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ယနေ့ထိ ထွက်ပြေးတိမ်းရှောင်နေခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့်  ရာဖူးရွာသစ်မှ အသက် ၄၀ ဝန်းကျင်ဇနီးမောင်နှံ ၂ ဦး၊ လသာအရွယ်ကလေးငယ် ၁ ဦးနှင့် အသက် ၁၀ နှစ်ဝန်းကျင် ကလေး ၁ ဦး သေဆုံးသွားခဲ့ရသည်ဟုလည်း သိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရမှုများနှင့် စစ်ဘေးရှောင်ပြည်သူလူထုများ
February 13, 2026
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊  ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်း...
February 12, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကလိကျေးရွာအခြေစိုက် အမြှောက်တပ် အမတ-၃၁၅ တပ်ရင်းသို့...
February 11, 2026
မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့  Central Mon Women Organization  မှ...
February 10, 2026
စစ်ကော်မရှင်မှ ရွေဈေးစံချိန်တင်မြင့်တက်နေစဉ်တွင် ရောင်းချဖွင့်လှစ်ထားသည့် ရွှေဆိုင်များကို...