ချင်းကျောင်းသား/သူတွေအဓိကတက်နေတဲ့ တက္ကသိုလ်/ကောလိပ်တွေ မတည်ငြိမ်မှူကြောင့် ကျောင်းမဖွင့်လှစ်နိုင်ခြင်းကြောင့် ရန်ကုန်ဖက်ကို ကျောင်းပြောင်းရွေ့တက် ရောက်တာများလာ

ချင်းကျောင်းသား/သူတွေအဓိကတက်နေတဲ့ တက္ကသိုလ်/ကောလိပ်တွေ မတည်ငြိမ်မှူကြောင့် ကျောင်းမဖွင့်လှစ်နိုင်ခြင်းကြောင့် ရန်ကုန်ဖက်ကို ကျောင်းပြောင်းရွေ့တက် ရောက်တာများလာ

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှု နောက်မှာ ချင်းကျောင်းသား/သူတွေအဓိကတက်နေတဲ့ တက္ကသိုလ်/ကောလိပ်တွေ မတည်ငြိမ်မှူကြောင့် ကျောင်းမဖွင့်လှစ်နိုင်ခြင်း၊ကျောင်းကောင်းစွာမတက်ရောက်နိုင်ခြင်းတို့ကြောင့် နိုင်ငံရေးတည်ငြိမ်တဲ့ ရန်ကုန်ဖက်ကို ကျောင်းပြောင်းရွေ့တက်ရောက်တာများလာကြောင်း ရန်ကုန်မှာ အဝေးသင်ပြောင်းလျှောက်တဲ့ ချင်းကျောင်းသားတွေဆီကသိရပါတယ်။

ကလေးမြို့ အနောက်မြောက် ချင်းတောင်တက်သွားရာ လမ်းပေါ်မှာ ရှိတဲ့ ကလေးတက္ကသိုလ်မှာ  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ လောက်ကတည်းက တိုက်ပွဲပဠိပက္ခတွေကြောင့် တက္ကသိုလ်ခဏပိတ်ခဲ့ရပြီး ယခုအခါမှာ တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေ ပညာသင်ကြားရာ နေရာကို ပြောင်းရွှေ့လိုက်တယ်လို့လည်း သိရပါတယ်။

ကလေးဒေသခံတစ်ဦးက “ ကလေးတက္ကသိုလ် ကျောင်းသူ၊ကျောင်းသား တွေအတွက် ကလေးမြို့ထဲက သူနာပြုကျောင်းမှာ ကျောင်းဖွင့်တယ်လို့ ကြားတယ်လို့” လို့ပြောပါတယ်။

မငြိမ်းချမ်းမှု၊မတည်ငြိမ်မှုတွေကြောင့် ဟားခါးတက္ကသိုလ်လည်းဖွင့်လှစ်နိုင်ခြင်းမရှိဘူးလို့ ဟားခါးမြို့ဒေသခံတွေဆီကသိရပါတယ်။

၂၀၂၄ ပညာသင်နှစ် အဝေးသင်တန်းတက််ရောက်မယ့် သူတွေအတွက် ကျောင်းအပ်နှံမှတ်ပုံတင်နိုင်မည့် ရက်ကို ဇွန်လ ၂၈ ရက်အထိ ဆက်လက်တိုးထားတယ်လို့ ပညာရေးဝန်ကြီးဌာက ဇွန်လ ၃ ရက်နေ့မှာ ကြေညာထားပါတယ်။

အဝေးသင်တက်ရောက်မယ့် သူတွေအနေနဲ့ ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ဇွန်လ ၂၈ ရက်နေ့အထိ ရုံးပိတ်ရက်တွေကလွဲရင် သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်တွေမှာ ကျောင်းအပ်နှံနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ပညာသင်နှစ် အဝေးသင်တန်း ကျောင်းအပ်မှတ်ပုံတင်ခြင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က စတင်ပြီး ပထမနှစ််၊ ဒုတိယနှစ်နဲ့ အထက် သင်တန််းတွေ ကျောင်းအပ်နှံခြင်းကို မေလ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့ရာကနေ ကျောင်းအပ်နှံရက်ကို ဇွန်လ ၂၈ ရက်အထိ ထပ်မံတိုးပေးခဲ့တာလည်း ဖြစ်ပါတယ်။

February 13, 2026
ဟားခါးမြို့တွင်း ပစ်ခတ်တိုက်ခိုက်မှု ရဲအရာရှိအပါအဝင် တပ်သား ၃ ဦး ပွဲချင်းပြီးသေ...
February 12, 2026
အာဏာသိမ်း စစ်အုပ်စု ဦးဆောင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကနေ ပေါ်ပေါက်လာမယ့် ပြည်ထောင်စု...
February 11, 2026
ချင်းပြည်နယ်၊ ထန်တလန်၊မတူပီနဲ့ဟားခါးမြို့နယ်တွေက လောက်တူမျိုးနွယ်စုဒေသမှာ ငရုတ်သီးအခြောက်...
February 10, 2026
ချင်းလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့၊...