မွန်- ကရင် ဂျိုင်းမြစ်ဒေသရှိ စာသင်ကျောင်းအချို့ မဖွင့်လှစ်နိုင်သေး

မွန်- ကရင် ဂျိုင်းမြစ်ဒေသရှိ စာသင်ကျောင်းအချို့ မဖွင့်လှစ်နိုင်သေး

မွန်- ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ကော့ဘိန်း၊ကော့ပေါက်နှင့် ကော့ပလိုင်ကျေးရွာရှိ အစိုးရစာသင်ကျောင်းတို့တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။

အဆိုပါဒေသတွင် ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစပြီး ပဋိပက္ခနယ်မြေဖြစ်ခဲ့ရာ လက်ရှိအချိန်အထိ လုံခြုံမှုမရှိခြင်းကြောင့် ရပ်ဝေးရပ်နီး ဆရာ/ဆရာမတို့ လာရောက်ခြင်းမရှိသည့်အပြင် ကျောင်းသားမိဘတို့လည်း ကျောင်းအပ်နှံခြင်းမရှိခြင်းကြောင့် ကျောင်းပိတ်ထားဆဲဖြစ်သည်ဟု ကော့ဘိန်းဒေသခံတစ်ဦးက ဆိုသည်။

“ဒီဘက် ကော့ဘိန်း၊ကော့ပေါက်တို့ ကော့ပလိုင်တို့ဘက်မှာက အစိုးရကျောင်းမဖွင့်သေးဘူး။ အဓိကကတော့ လုံခြုံရေးပါပဲ၊ ဒီဒေသကလည်းပဋိပက္ခနယ်မြေတွေဖြစ်နေသေးတဲ့အတွက်ဆရာ/မတွေ မလာရဲနေသေးဘူး။ ပြီးတော့ မိဘတွေကလည်း ကျောင်းအပ်ဖို့ စိတ်မချသေးဘူးဆိုတော့ အစိုးရကျောင်းတွေကမဖွင့်သေးဘူး ” ဟု ဆိုသည်။

အဆိုပါရွာမှ ကျောင်သားကျောင်းသူတို့သည် သက်ဆိုင်ရာရွာဘုန်းကြီးကျောင်းတို့တွင်သာ မွန်စာသင်ကြားနေရသည်ဟု သိရသည်။

မွန်-ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက်တွင် အထက်တန်းကျောင်းအပါဝင် အစိုးရစာသင်ကျောင်းပေါင်း ၃၀ ခန့်ရှိနေရှိပြီး လက်ရှိကျောင်းဖွင့်လှစ်နိုင်မှု ၅၀ရာခိုင်နှုန်းခန့်သာရှိသည်ဟု ကျောင်းဆရာမတစ်ဦးက ဆိုသည်။

“ ကော့သတ်၊ ကော့စွယ်၊ တရနာစတဲ့ဒီဘက်မှာဆိုရင် ကျောင်းဖွင့်နေတာရှိတယ် ဒါမဲ့ကျောင်းတက်နှုန်းက သုံးပုံမှတစ်ပုံလောက်ပဲရှိတယ်။ နှစ်ပုံကတော့ ကျောင်းနားလိုက်တာလည်းရှိ တယ် အချို့က မြို့ပေါ်ကျောင်းကို ပြောင်းသွားတာလဲရှိတယ်။ ထိုင်းဘက်ကမ်းပြောင်းလာပြီး ထိုင်းမှာကျောင်းနေလိုက်တာလည်းရှိတယ်။ အရင်နှစ်က အထက်တန်းကျောင်းမှာဆို ကျောင်းသားတွေ၁၅၀၀လောက်ရှိတယ်။ ဒီနှစ်က ၅၀၀ လောက်ပဲရှိတော့တယ် ” ဟု ဆိုသည်။

ထို့အတူ အဆိုပါဒေသရှိ မွန်အမျိုးသားကျောင်းတို့လည်း လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် မဖွင့်လှစ်နိုင်သေးကြောင်း သိရသည်။ လက်ရှိတွင် နေရပ်ပြန်လာသည့် ဂျိုင်းမြစ်ဒေသခံတို့ကို အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်တို့က ရွာအဝင်အထွက်နေရာတို့တွင် စခန်းချကာနေ့စဉ် စစ်ဆေးမေးမြန်းနေသည့်အပြင် ညပိုင်းတွင် ရမ်းသမ်းပြစ်ခတ်မှုတို့ ရှိနေသည်ဟုလည်း သိရသည်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ် ၃ နှစ်တာကာလတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတို့ကြောင့် နိုင်ငံတစ်ဝှမ်းရှိ ကလေးသူငယ် ၆ သန်းတို့သည် လူသားချင်းကူညီထောက်ထားမှုဆိုင်ရာ အရေးတစ်ကြီးလိုအပ်နေပြီး ၄ သန်းခန့်သည် ပညာသင်ခွင့် ပျောက်ဆုံးလျှက်ရှိသည်ဟု UNICEF Myanmar မှ အချက်အလက်တို့အရ သိရသည်။

စစ်တပ်၏ ပစ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးရမှုများနှင့် စစ်ဘေးရှောင်ပြည်သူလူထုများ
February 13, 2026
မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်၊  ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုအတွင်း...
February 12, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်ကလိကျေးရွာအခြေစိုက် အမြှောက်တပ် အမတ-၃၁၅ တပ်ရင်းသို့...
February 11, 2026
မွန်ပြည်သစ်ပါတီ ဗဟို မွန်အမျိုးသမီးအဖွဲ့  Central Mon Women Organization  မှ...
February 10, 2026
စစ်ကော်မရှင်မှ ရွေဈေးစံချိန်တင်မြင့်တက်နေစဉ်တွင် ရောင်းချဖွင့်လှစ်ထားသည့် ရွှေဆိုင်များကို...