မိုးမိတ်မှာတိုက်ပွဲပြန်ဖြစ်နေ

မိုးမိတ်မှာတိုက်ပွဲပြန်ဖြစ်နေ

ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊မိုးမိတ်ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကစပြီး တိုက်ပွဲပြန်ဖြစ်နေတာဖြစ်ပြီးတော့ မိုးမိတ်မြို့နားက မန်ဖွယ်ရွာဟောင်းနဲ့ သက်ရက်တောရွာတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

“၄ ရက်နေ့ကတိုက်ပွဲပြန်ဖြစ်တာဗျ မိုးမိတ်မြို့နဲ့ကပ်လျှက်ရွာကစဖြစ်တာ ကေအိုင်အေပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီနဲ့ပေါ့ အဲ့ရွာမှာက စစ်ကောင်စီကတပ်စွဲနေတော့ဝင်တိုက်တာလို့ပြောတယ်။ ဒီနေ့တော့ တိုက်ပွဲ ဖြစ်သံမကြားဘူး။ မနေ့ကအထိပေါ့ ၂ ရက်ဖြစ်တာတဲ့”လို့ပြောပါတယ်။

အခုလိုတိုက်ပွဲပြန်ဖြစ်လာတဲ့အတွက် မိုးမိတ်မြို့အနီးတစ်ဝှိုက်နဲ့ တိုက်ပွဲဖြစ်တဲ့နေရာတစ်ဝှိုက်ကအရပ်သားတွေ ယာယီထွက်ပြေးတိမ်းရှောင်ရတဲ့အခြေနေတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မိုးမိတ်မြို့မှာ ခမရ ၃၄၈၊ ခလရ ၂၇၆ နဲ့ ခလရ ၂၂၃ တပ်ရင်းတွေအခြေစိုက်ပြီး ဗျူဟာမှူးကိုယ်တိုင်အထိုင်ချ ကွပ်ကဲသလို မိုးမိတ်မြို့ဟာ ခရိုင်အဆင့်ရှိတဲ့မြို့လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ စစ်ကောင်စီနဲ့KIA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲမှာ မြို့ပျက်လုနီးပါး စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ ဒေသခံတွေဟာ ဒီတစ်ကြိမ်တိုက်ပွဲကြောင့် ကြိုတင်တိမ်းရှောင်နေကြပြီး ရှောင်ရတဲ့ လူဦးရေ ၂ ထောင်ခန့်ရှိတယ်လို့ မိုးမတ်ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

“တိုက်ပွဲက နှစ်ရက်လောက်ဖြစ်လိုက်တော့ မိုးမိတ်ကအရပ်သားတွေလည်းပြန်ထွက်ပြေးနေရတယ်။ မိုးမိတ်မှာက ဗျူဟာကုန်းရှိတယ်။ အခုဖြစ်တာက ကာကင်းတွေဖြစ်မယ်။ မိုးမိတ်မြို့ခံပြည်သူတွေက မြို့ထဲပြန်ရောက်တာတောင်မကြာသေးဘူး အခုပြန်ပြေးနေရတာ။ ပြည်သူတွေကလည်း ခံဖူးထားတာ ဆိုတော့ လန့်နေကြတာ”လို့ပြောပါတယ်။

မိုးမိတ်မြို့ကို သိမ်းပိုက်ဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလက ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း အဖွဲ့တွေကြိုးစားခဲ့ပေမဲ့ မြို့တွင်းကိုသာထိန်းချုပ်နိုင်ခဲ့ပြီး အထိုင်ချတပ်ရင်းတွေကိုမတိုက်ပဲ ပြန်ဆုတ်ခွာခဲ့ကြတာဖြစ်ပါတယ်။

မိုးမိတ်မြို့ဟာ ခရိုင်အဆင့် မြို့တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ မိုးမိတ်ဗျူဟာလက်အောက်မှာ ခမရ (၃၄၈)၊ ခလရ (၂၇၆)၊ ခလရ (၂၂၃) တပ်ရင်းတွေ အခြေစိုက်တဲ့မြို့ဖြစ်ပြီး ရှမ်းပြည်နယ်အနောက်မြောက်ဘက်မှာရှိကာ နယ်နိမိတ်အားဖြင့် မြောက်ဘက်မှာ ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ အရှေ့ဘက်မှာ သိန္နီနယ်နဲ့ တောင်ပိုင်နယ်၊ တောင်ဘက်မှာ သီပေါနယ်၊ အနောက်ဘက်မှာ ရွှေဘိုခရိုင်တို့ရှိတာဖြစ်ပါတယ်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...