ကရင် BGF တပ်နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းစစ်ဆင်ရန် သတင်းများထွက်ပေါ်နေ၊ မဟုတ်မမှန်ကြောင်း BGF ခေါင်းဆောင်တုန့်ပြန်ပြောဆို

ကရင် BGF တပ်နှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းစစ်ဆင်ရန် သတင်းများထွက်ပေါ်နေ၊ မဟုတ်မမှန်ကြောင်း BGF ခေါင်းဆောင်တုန့်ပြန်ပြောဆို

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီတပ် ပူးပေါင်းအင်အားတစ်ထောင်ဖြင့် မြဝတီ ၊ သင်္ဃန်း ညီနောင် ဗျူဟာအပါအဝင်၊ စစ်တပ်စခန်းနှင့် ရဲစခန်းနေရာများအား ပြန်လည်သိမ်းပိုက်ရန် စစ်ရေး ပြင်ဆင်မှု များရှိနေကြောင်း စစ်ကောင်စီတပ်သတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီအောင်ဇေယျစစ်ဆင်ရေးတပ်များနှင့် ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီအခြေစိုက် ကရင်နယ်ခြားစောင့် တပ်ဖွဲ့များ ပူးပေါင်းပြီး ဒေသအတွင်းရှိ KNLA မဟာမိတ်ပူးပေါင်းတပ်များအား တိုက်ခိုက်ချေမှုန်းရန်စစ်ရေး ပြင် ဆင်နေသည့် အခြေအနေကို စစ်တပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုက ယခုလိုပြောသည်။

“သူတို့ ကျုံဒိုး၊ BGF ဗိုလ်မြတ်လှိုင်၊ မောင်ဝင်းအောင် အဖွဲ့တွေက ချောင်းဖျား၊ ကျုံဘိုင်း၊ နောင်တပွဲ ဘက်ကို စစ် တပ်ကို လိုက်ကူပို့ပေးနေတယ်။ ရင်ခွဲတောင် ရေလယ်ကုန်းဘက်မှာ ကော့ကရိတ် BGF တပ်က ရန်ကုတ်ရွာ ဘက်ကနေအောက်ဘိုတဲဘက်ကို တက်ဖို့ရှိတယ်။ မြဝတီမှာက BGF ဗိုလ်မုတ်သုန်နဲ့ စောဒီးဒီးတပ်တွေက သင်္ဃန်းညီနောင်ဘက်ကို စစ်တပ်နဲ့ပေါင်းပြီး PDF ကို ဒီဇွန်လပထမအပတ်မှာ အပြင်းအထန်တိုက်မယ်။ ‌‌မိုးကြီး လာပြီဆို တိုက်လို့ မရတော့တာသိလို့ BGF နဲ့ ပေါင်းပြီး စစ်ဆင်ရေးအရှိန်မြင့်တော့မယ့် အခြေအနေရှိနေတယ် ” ဟု ၎င်းသတင်းအရင်းအမြစ်က ပြောသည်။

ယမန်နေ့ ဇွန်လ ၁ ရက်နေ့လည်မှ ညနေပိုင်းအအထိ အတွင်းကွင်းကလေး၊ တုံးတံတားနေရာဘက်တွင် BGF / စစ်တပ်ပူးပေါင်းအဖွဲ့များနှင့် KNLA မဟာမိတ်ပူးပေါင်းတပ်များတိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်က ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူမြဝတီမြို့ခံတစ်ဦးက “နေ့လည်(မနေ့)ကနေ ညနေအထိ တိုက်ပွဲပြန်ဖြစ်တယ်။ မြဝတီက စစ်တပ်နဲ့ BGF တွေ ညီနောင်ဘက် ထွက်သွားတာ တော့တွေ့တယ်။ လေယာဉ်ဗုံးကြီး ၂ လုံးလာကြဲတာ အသံအကျယ်ကြီးပဲ။ စစ်တပ်နဲ့ BGFတွေ ပြန်ဆုတ်သွား တယ်။ သေနတ်တွေရတယ်။ အခုညနေပိုင်းညီနောင်၊ ရွာသစ်ဘက်လမ်းပိတ်လိုက်ပြီ။ အခြေအနေမကောင်းတော့ ဘူး။ ဒီရက်ထဲတော့ မြဝတီဘက်အခြမ်းမှာလည်း မြို့ထဲမှာ BGF နဲ့ စစ်တပ်ပိုတွေ့နေရတယ်” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်နှင့် BGF တပ်များပူးပေါင်းပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားတိုက်ခိုက်မှုရှိလာနေသည်ဟု ပြောဆိုနေမှုများနှင့်ပတ်သက်၍  BGF တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းက “BGF နဲ့ စစ်တပ်တို့ ပေါင်းပြီး အာရှလမ်းကို ပြန်ပစ်မှာဆိုတဲ့ဟာက မဟုတ်ဘူးနော်။ အဲဒီသတင်းက လုံးဝမမှန်ဘူးနော်။ အဲဒီသတင်းဘယ်ကနေရပြီးတော့ လျှောက်ရေးနေလဲမသိဘူး။”ဟု ကေအိုင်စီသို့ တုန့်ပြန် ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် BGF တပ်များ ကျုံဒိုး၊ ကော့ကရိတ်ဘက်မှ စစ်ကူစစ်ကြောင်းများ ဒေါနတောင် လမ်းဟောင်းဘက်သို့ တက်လာနေပြီး မြဝတီဘက်မှလည်း စစ်ကောင်စီစစ်ကြောင်းနှင့် BGF တပ်ရင်း ၁၀၂၂ ၊ ၁၀၁၆ တပ်ရင်းများ ပူးပေါင်းအင်အား တစ်ထောင်ဖြင့်အာရှလမ်းသစ်ဘက်ကို ထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင် နေကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။

April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...