KIA က ရွှေလီမြစ်ဝှမ်းတစ်ကြောကိို တပ်မဟာ (၁၁) သတ်မှတ်ဖွဲ့စည်း

KIA က ရွှေလီမြစ်ဝှမ်းတစ်ကြောကိို တပ်မဟာ (၁၁) သတ်မှတ်ဖွဲ့စည်း

ကချင် နဲ့ ရှမ်းအစပ်မှာရှိတဲ့ ရွှေလီမြစ်ဝှမ်း(N-mau Hka) တစ်ကြော ကချင်လွတ်လပ်ရေးတပ်မတော် KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို  KIA တပ်မဟာ ၁၁ နယ်မြေအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်ပြီလို့ KIA  ဘက်ကပြောပါတယ်။

KIA အရှေ့ပိုင်းစစ်ဌာနချုပ်ရဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ တပ်မဟာ ၃ လက်အောက် တပ်ရင်း (၁၂) နဲ့ (၂၇) နေရာတွေကို KIA တပ်မဟာ (၁၁) နေရာအဖြစ် သတ်မှတ်ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။

“တပ်မဟာ ၁၁ နယ်မြေဖွင့်လိုက်တာမှန်ပါတယ်။ ရွှေလီမြစ်ဝှမ်း(N-mau Ginwang)ထဲမှာဖွင့်လိုက်တာဖြစ်တယ်။ ပြီးခဲ့တဲ့ KIA အရှေ့ပိုင်းစစ်ဌာနချုပ်က အုပ်ချုပ်ရေးနယ်မြေမှာပါတဲ့ အူလန်ပါဒေသ (U Lang Pa Ginwang)၊ ရွှေကူဒေသ(Shwe Gu) တပ်ရင်းအနေနဲ့တော့ ၁၂ နဲ့ ၂၇ တွေကိုသတ်မှတ်လိုက်တာဖြစ်ပါတယ်”လို့ပြောပါတယ်။

KIA တပ်မဟာ (၁၁) နယ်မြေသတ်မှတ်လိုက်တဲ့ နေရာဒေသဟာ အဓိကအားဖြင့် ရွှေလီမြစ်ဝှမ်းတစ်လျှောက် KIA သိမ်းပိုက်ရရှိထားတဲ့ မန်ဝန်းကြီး၊ မဘိမ်းနဲ့ ရွှေကူဒေသအထိပါဝင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ခုလို KIO/KIA အနေနဲ့ တပ်မဟာတစ်ခုကို ထပ်မံတိုးချဲ့လိုက်တာနဲ့ပတ်သက်ပြီး KIA ရဲ့ အုပ်ချုပ်ရေးနယ်မြေ အရင်ကထက် ပိုပြီးကျယ်ပြန့်လာတဲ့အတွက် တိုးချဲ့လိုက်တာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

“အခုအဲဒီဘက်မှာ မြေနေရာဒေသ ကျယ်ပြန့်လာတယ်။ မူလအုပ်ချုပ်ရေးဒေသဖြစ်တဲ့ အရှေ့တိုင်းစစ်ဌာနချုပ်ကနေဘဲ အုပ်ချုပ်တာ သိပ်ပြီးလက်လှမ်းမမှီလာတော့ဘူး။ အဓိကတော့ ပြည်သူလူထုတွေရဲ့ ငြိမ်းချမ်းစွာရပ်တည်နေထိုင်ရေးအတွက် အုပ်ချုပ်ရေးယန္တရားတွေကို ထပ်မံတိုးချဲ့တဲ့ သဘောပါပဲ”လို့ပြောပါတယ်။

KIA တပ်မဟာ ၁၁ နေရာကို မန်ဝန်းကြီးဒေသမှာ ဗဟိုပြုမယ်လို့သိရပြီးတော့ မန်ဝန်းကြီးဒေသဟာ ကချင် နဲ့ ရှမ်းအစပ်မှာတည်ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အလွန်အရေးပါတဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ချို့က သုံးသပ်ပြောဆိုနေတာကို တွေ့ရပါတယ်။

ဒါ့အပြင် KIA တပ်မဟာ (၁၁) နယ်ထဲမှာ ၂၀၂၄ နှစ်ဆန်းပိုင်းထဲ မံစီမြို့နယ်ထဲက သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့ မဂျီဂုန်(Maji Gung)၊ မန်ဝန်းကြီး(Man Win Gyi)၊ ကိုင်ထိပ်(Kai Htik) နဲ့ မိုင်းခေါင်(Mung Hkawng)နဲ့ ရှမ်းမြောက် မဘိမ်း စတဲ့ ဒေသတွေလည်းပါဝင်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်မှာ KIA တပ်မဟာ (၁၀)ကို ရှမ်းပြည်နယ်ထဲမှာ တိုးချဲ့ဖွင့်လှစ်ထားတာဖြစ်ပြီး တပ်မဟာ (၁၁)ကိုတော့ ဆယ်နှစ်တစ်ခုအကြာ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်နဲ့ ရှမ်းအစပ်မှာ ထပ်မံတိုးချဲ့လိုက်တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်အတွင်း ကချင်ပြည်နယ် ဒေသအသီးသီးမှာ  တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး ဒီနှစ် ၂၀၂၄ ခုနှစ်မှာ KIA ပူးပေါင်းတပ်တွေ မြို့ တစ်ချို့နဲ့ စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို နှစ်လအတွင်းမှာ သိမ်းပိုက်ရရှိထားပြီဖြစ်ပါတယ်။

July 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ခွန်ဆာကုန်းကျေးရွာ ကားကြီးကွင်းအနီးတွင်...
July 24, 2026
ကချင်ပြည်၊ ခေါင်လန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာဘက်သို့ စစ်ဘေးရှောင်လာကြသည့် အမတ်ပေါ်ကျေးရွာ...
July 24, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ နာမ့်ထွမ်ချောင်းနှင့် မကျော့ဝါကျေးရွာတို့တွင် မြို့ပေါ်မှ...
July 23, 2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်း တစ်နှစ်ကျော်ကာလအတွင်း မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးထက်မနည်း...