ကော့ကရိတ်မြို့တွင်းပြည်သူများနေရပ်ပြန်နိုင်သော်လည်း မြို့စွန်နှင့် အနီးကျေးရွာများ ပြန်ခွင့်မရသေး

ကော့ကရိတ်မြို့တွင်းပြည်သူများနေရပ်ပြန်နိုင်သော်လည်း မြို့စွန်နှင့် အနီးကျေးရွာများ ပြန်ခွင့်မရသေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲထားပြီးနောက် ဧပြီလတွင် မြို့တွင်း နေထိုင်သူများကို ပြန်နေထိုင်ရန် ဖိတ်ခေါ်ခဲ့သော်လည်း မြို့အစွန်နှင့် မြို့အနီး ကျေးရွာများအချို့ရှိ ဒေသခံများ အနေဖြင့် ပြန်ခွင့်မရကြသေးကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့အစွန် နှင့် ကျေးရွာဒေသအချို့ရှိ ဒေသခံများကို  စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့ နှစ်ဘက်စလုံးမှ သွားလာမှုများ ကန့်သတ်ထားမှုကြောင်း ပြန်လည်နေထိုင်ခွင့်မရကြသေး ကြောင်း ဒေသခံပြည်သူများက ပြောသည်။

၎င်းက"ကော့ကရိတ်မြို့ထဲမှာတော့ ပြန်နေလို့ရတယ်။ မြို့အစွန်တွေ အချို့ရပ်ကွက်က အပိုင်းတွေတော့ ပြန်ခွင့် မပြုဘူ။ မြို့အနီးက ရွာတွေလည်း ပြန်လို့မရဘူး။ အဲ့ဒါက စစ်ကောင်စီဘက်က ခွင့်မပြုတာနဲ့ တော်လှန်ရေးဘက် က ခွင့်မပြုတာလည်းရှိတယ်" ဟု ဒေသခံရွာသားတစ်ဦးကပြောသည်။

အလားတူ အချိန်အတန်ကြာစစ်ရှောင်နေရသည့် ကော့ကရိတ်မြို့ပြည်သူများသည် အခက်အခဲအမျိုးမျိုးရှိ‌သဖြင့် ယခုလို စစ်ကောင်စီတပ်မှ မြို့တွင်းပြန်လည်နေထိုင်ခွင့်ပြုခြင်းကြောင့် ပြန်လည်နေထိုင်ကြသော်လည်း တိုက် ပွဲများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်နေကြရကြောင်းလည်း မြို့တွင်းပြန်လည်နေထိုင်သူများက ပြောသည်။

မြို့တွင်းပြန်နေထိုင်သူတစ်ဦးက "အခြား‌မြို့မှာ အိမ်မရှိ၊ဘာမရှိ သူများအိမ်မှာပဲ ခိုကပ်ပြီး နေလာတာကြာတော့ အဆင်မပြေဘူး။ အခုမြို့ထဲမှာ ပြန်နေခွင့်ပြုတော့ ပြည်သူတွေတော်တော်များများ ပြန်လာနေကြတယ်။ အချို့ လည်း အိမ်ပြန်လာကြည့်ပြီး ပျက်စီးသွာတဲ့ဟာတွေပြန်ပြုပြင်ကြတယ်။ ဒါပေမဲ့ မြို့ထဲ တိုက်ပွဲထပ်မံဖြစ်ပြီး ထွက်မရဘဲ ပိတ်မိမှာလည်းစိုးရိမ်ရတယ်"ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များတပ်စွဲ ထားဖူးသည့် မြို့အစွန်နှင့်ကျေးရွာများတွင် အရပ်သားပြည်သူများ၏ နေအိမ်အများအပြား ထပ်မံမီးရှို့ ဖျက်ဆီးမှု များရှိနေကြောင်းလည်း ဒေသခံပြည်သူများက ပြောသည်။

စစ်ကောင်စီအနေဖြင့် မြဝတီမြို့ကို ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ရန်အတွက်  ဒုစစ်ခေါင်းဆောင် စိုးဝင်း ကိုယ်တိုင်ဦးစီးညွှန်ကြားသည့် အောင်ဇေယျ စစ်ဆင်ရေးကို ဖော်ဆောင်ပြီးနောက် ကော့ကရိတ် မြို့ကို ပြန်လည်း သိမ်းပိုက်ထားနိုင်ပြီး ‌မြဝတီမြို့ကို ထိုးဖောက်နိုင်ရန် ဆက်လက်ထိုးစစ်ဆင်နေ ဆဲဖြစ်သည်။

June 15, 2024
ဖားအံမြို့တွင် ပြီးခဲ့သည့် မေလမှ စတင်ကာ စျေးကွက်အတွင်းလူသုံးများသည့် ဆေးဝါး နှင့်...
June 14, 2024
တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာတွင် နှစ်ဖက်တိုက်ပွဲ...
June 13, 2024
တနင်္သာရီတိုင်းဒေသကြီးအတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ...
June 12, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့...