အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၄ ဦးဒဏ်ရာရကာ ကားတစ်စီးပျက်စီး

အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းတိုက်ခိုက်ခံရပြီး ၄ ဦးဒဏ်ရာရကာ ကားတစ်စီးပျက်စီး

ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ် ဒေါနတောင်ကို တက်လာသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းကို ယမန်နေ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဒဏ်ရာရရှိကာ ကားတစ်စီးပျက်စီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သော ကျားဖြူစစ်ကြောင်းက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အာရှလမ်းမပေါ်ရှိ ကေအဲန်ယူ၏ ယခင်မွေးမြူရေးဇုန်အနီး ရှိနေသည့် စစ်ကောင်စီ စစ်ကြောင်းကို အမှတ် (၃၁) ဗျူဟာလက်အောက်ခံ နဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ Multirotor Drone တပ်ဖွဲ့၊ Fixed Wing Drone တပ်ဖွဲ့နှင့် Robinhood Rocket အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဖောကားတစ်စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

“လောလောဆယ် ကျားဖြူစစ်ကြောင်းအနေနဲ့ဆိုရင် စစ်ကောင်စီဘက်က ဖောကားတစ်စီး ပျက်စီးတာကို မျက်မြင်တွေ့ရတယ်။ သူတို့ဘက်က ၄ ယောက်လောက် ဒဏ်ရာရတယ်။ လက်နက်ကြီး အမျိုးအစား တစ်ခု ထိခိုက်တယ်လို့တော့ အကြမ်းဖျဉ်း သိရပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တော်လှန်ရေး ပူးပေါင်းဘက်က Rocket ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်များရှေ့ဆက်မတိုးနိုင်ဘဲ ကော့ကရိတ်မြောက်ပိုင်းရှိ လူနေအိမ်များကို လက်နက်ကြီးဖြင့် ပြန်လည် ရမ်း သမ်းပစ်ခတ်ခြင်း နှင့် မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်နေသည်ဟု ကျားဖြူစစ်ကြောင်းက ဆိုသည်။

အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းတွင် တပ်မ(၅၅) လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များနှင့် တပ်မ(၇၇) လက် အောက်ခံ တပ်ရင်းတပ်ဖွဲ့ဝင်များပါဝင်ပြီး တပ်ဖွဲ့ဝင်အင်အား ၅၀၀ ခန့်ဖြင့် စစ်ဆင်ရေး ဖော်ဆောင်နေ ခြင်းဖြစ် ကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ကြားဖြတ်ဟန့်တား တိုက်ခိုက်မှုများကြောင့် ဒေါန တောင်ကို မကျော်နိုင်ဘဲ အထိအခိုက် အကျအဆုံးများဖြင့်ရပ်တန့်နေကြောင်း စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

၎င်းအပြင် အဆိုပါ စစ်ကြောင်းများတွင် အသက်မပြည့်သေးသည့် ကလေးစစ်သားများ ပါဝင်တိုက်ခိုက် နေရသလို စစ်မှုထမ်းဥပဒေမှ စုဆောင်းထားသည့် သင်တန်းဆင်းတပ်သားသစ်များလည်း ပါဝင်ကြောင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများက ကေအိုင်စီသို့ ပြောဆိုထားသည်။

အလားတူ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်မှု အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ခန့် ထိခိုက်သေဆုံးပြီး ရုရှားလုပ် သံချပ်ကာကားတစ်စီး၊ စက်သေ နတ် တင်ကား ၂ စီးနှင့် လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း ဧပြီ ၂၂ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းမဟာမိတ်စစ်ကြောင်းများက သတင်းထုတ်ပြန်ခဲ့သည်။

မြဝတီမြို့သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းများသည် ဒေါန တောင်ကျော်လွန်နိုင်အောင် မြေပြင်စစ်ကူအဆက်မပြတ်ပို့ဆောင်ပြီး လက်နက်ကြီးသံချပ်ကာကား၊ အတွဲလိုက် ပစ်ဒုံးကားများ ပစ်ကူပေးတိုက်ခိုက်နေသော်လည်း ယနေ့အချိန်ထိ ဒေါနတောင်ကို ကျော်ဖြတ်နိုင် ခြင်းမရှိ သေးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောဆိုသည်။

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...