စစ်မှုထမ်း လူစားထိုးခ ကျပ် ၁၂၀,၀၀၀ ကောက်ခံ

စစ်မှုထမ်း လူစားထိုးခ ကျပ် ၁၂၀,၀၀၀ ကောက်ခံ

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ နောင်ကားကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA)က စစ်မှုထမ်း လူစား ထိုးစရိတ်အတွက် အိမ်ထောင်တစ်စုလျှင် ငွေကျပ် (၁၂၀,၀၀၀ ) နှုန်းကောက်ခံနေသည်ဟု ကျေးရွာနေ ပြည်သူများ က ပြောသည်။

ယခု မေလအတွင်း စစ်မှုထမ်း မဲပေါက်သူ ၆ ဦးအတွက် မေလ ဒုတိယပတ်မှစတင်၍ ကောက်ခံ‌နေပြီး မဲပေါက် သူများ အနေဖြင့် ငွေကျပ် ၁၂၀,၀၀၀ သာမက တစ်နှစ်စာအတွက် တစ်ဦးချင်းအလိုက် သိန်း ၁၅၀ ပေးဆောင် သွားရမည်ဟု ဆိုသည်။

ကျေးရွာနေ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား တစ်ဦးက “အရင်တုန်းကလည်း ၅ သောင်းကောက်လိုက်၊ ၆ သောင်းကောက်လိုက်၊ ၁ သိန်း ကောက်လိုက် ခဏခဏ ကောက်တယ်၊ အခု တစ်ခေါက် ၁ သိန်း ၂ သောင်း ပေါ့နော်။ ၁ လကို ၆ ယောက်ခေါ်မယ်။ အဲ့ဒီ ၆ ယောက် ၆ ယောက်ကို ၁ နှစ်စာတွက် တစ်လကို ၁သိန်း ၂သောင်း ဆက်ကောက် သွားမယ်ဆိုရင်က ပြည်သူလူထု အနေနဲ့က ခံနိုင်မှာမဟုတ်ဘူးပေါ့” ဟု ပြောသည်။

ကျေးရွာအတွင်း အိမ်ထောင်စု အလိုက် ငွေကြေးကောက်ခံနေသူမှာ အုပ်ချုပ်ရေးမှူး ခွန်ထွန်းလှိုင် ဖြစ်ပြီး ၎င်း သည် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNA ထိပ်သီးခေါင်းဆောင် ပီတာထွန်းနိုင်၏ သမက်ဖြစ်သည်ဟု နီးစပ်သူများ က ပြောသည်။

စစ်မှုထမ်း လူစားထိုးစရိတ်အား မေလကုန် နောက်ဆုံးထား၍ ထည့်ဝင်ရမည် ဖြစ်သော်လည်း လတ်တလောတွင် ငွေကြေး မပြေလည်သည့်အတွက် ဒေသခံများ အနေဖြင့် ချေးငှားကာ ဖြေရှင်းရမည်ဟု ရွာခံ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက ဆက်ပြောသည်။

“အဲ့လိုပဲပေါ့ ဒေသခံတွေကတော့ ချေးငှားပြီးတော့မှ ဖြေရှင်းကြရတာပဲလေ၊ ပိုက်ဆံမထည့်တဲ့ အိမ်ကြရင် လည်း သူတို့က လူမှုအသိုင်းအဝိုင်းကနေ ပယ်မယ်၊ ပိုက်ဆံမထည့်တဲ့အိမ် သွားရမယ် ဆိုပြီးတော့မှ ခြိမ်း‌ ခြောက်နေကြတော့လည်း လူထုတွေက မရှိရှိတာနဲ့ ပေါင်နှံ ရောင်းချ ချေးငှားပြီးတော့ ဖြေရှင်းကြရတာပေါ့။”

နောင်ကားကျေးရွာနေ ပြည်သူများအား စီးပွားရေး အဆင်ပြေသည်ဟု ယူဆပြီး စစ်မှုထမ်း လူစားထိုးစရိတ် အတွက် အိမ်ထောင်တစ်စုလျှင် ငွေကျပ် ၁၂၀,၀၀၀ နှုန်းကောက်ခံနေသော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ် ဘူးဟု ကျေးရွာနေ ပြည်သူများ က ပြောသည်။

နောင်ကားဒေသခံတစ်ဦးက “နောင်ကားက အဆင်ပြေသယောင်ဆိုတာ လမ်းမကြီးဘေးပဲ၊ အဲ့ဒီ နောင်ကားမှာ က တိုက်အိမ်တွေ များတယ်ဆိုတာလည်း သားသမီးတွေ မိဘတွေက ထိုင်းမှာ ကျွန်သွားခံပြီးတော့ အဲ့ဒီ လုပ် အားခနဲ့ ဆောက်ထားကြတာပေါ့နော်၊ တကယ့် အတွင်းရွာထဲမှာက အဲ့‌လောက် စီးပွားမဖြစ်ထွန်းဘူး၊ နောင် ကားအုပ်စုထဲက တခြားကျေးရွာတွေ ဆိုရင်လည်း စီးပွားရေးက ဘာမှမရှိဘူးပေါ့နော်၊ စီးပွားရေး မကောင်းကြ ဘူး။ အကုန်လုံးက ထိုင်းမှာပဲ သွားကြတာ။ တိုက်အိမ်တွေ တိုးတက်လာတယ် ဆိုတာက ထိုင်းမှာ အလုပ်လုပ်ပြီး တော့ ပိုက်ဆံလွှဲပြီးတော့ လုပ်ထားတဲ့ အိမ်တွေချည်းပဲပေါ့၊ ဒီဟာလည်း ဘယ်လိုမှ သက်တောင့်သက်သာ မဖြစ် ဘူးပေါ့နော်” ဟု ပြောသည်။

နောင်ကားမြို့နယ်တွင် စစ်အသုံးစရိတ်အဖြစ် ယခင်လများအတွင်း PNA က ၅၀,၀၀၀ ကျပ်တစ်ကြိမ်၊ ၆၀,၀၀၀ ကျပ် တစ်ကြိမ်၊ တစ်သိန်းကျပ် တစ်ကြိမ် ကောက်ခံဖူးသည့်အပြင် စစ်မှုထမ်း ၆ ဦး တစ်ကြိမ်လည်း ခေါ်ယူဖူး သည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ပြည်ပရောက် စစ်မှုထမ်း အကြုံးဝင် လူငယ်များမှာလည်း စစ်မှုထမ်း လူစားထိုးစရိတ်အတွက် လစဉ် ငွေကြေး ထည့်ဝင်နေရသည်ဟု မိသားစုဝင်များက ပြောသည်၊။

Most read this week

June 12, 2024
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းရှိ တအာင်းအမျိုးသား တပ်မတော် TNLA ၏ တပ်စခန်းကို...
June 11, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နေ ပြည်သူ ၅၀၀ နီးပါးခန့်မှာ တတိယအကြိမ်...
June 8, 2024
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူငယ်ပြုပြင်ရေး စခန်းများတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော အသက် မပြည့်သေး...
June 4, 2024
ချင်းပြည်နယ်အတွင်းက ဒေသခံပြည်သူများကို အသေးစားချေးငွေပေးနိုင်ရေး အမေရိကန်ဒေါ်လာ ၅ သိန်းတန်...