ရခိုင်တွင် ဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် ကိုယ်ဝန်ဆောင်များ သေဆုံးသည်အထိ ရှိလာနေ

ရခိုင်တွင် ဆေးဝါးပြတ်လပ်မှုကြောင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် ကိုယ်ဝန်ဆောင်များ သေဆုံးသည်အထိ ရှိလာနေ

စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းသို့ ဆေးဝါးတင်သွင်းခွင့်နှင့် ကုန်စည်စီးဆင်းမှုအားလုံးကို ဖြတ်တောက်ထားမှုကြောင့် ရခိုင်ပြည်သူများမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေသည့်အပြင် ဆေးဝါးများပြတ်လပ်လာနေမှုတို့ကြောင့် နာတာရှည်ရောဂါခံစားနေရသူများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတို့မှာ သေဆုံးမှုရှိလာနေသည်ဟု သိရသည်။

ပေါက်တောမြို့က လူမှုရေးလှုပ်ရှားနေသူတစ်ဦးက  "ပြီးခဲ့တဲ့ ရက်ကလည်း စစ်ရှောင်စခန်း တစ်ခုမှာ နာတာရှည်ရောဂါနဲ့ သက်ကြီးတစ်ယောက်ဆုံးတယ်။ အသည်းရောဂါနဲ့လည်း စစ်ရှောင်အမျိုးသမီးတစ်ယောက်ဆုံးတယ်။ ဆေးဝါးမကုသနိုင်လို့ပေါ့။ ဆေးဝါးတွေမရှိဘူး။ နောက်ပြီးတော့ လေးဖက်နာရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် ကုသဖို့ ဆေးဝါးမရှိတဲ့အတွက် ဆုံးသွားတယ်" ဟု ပြောသည်။

အဆိုပါ သေဆုံးမှုများမှာ ပေါက်တောမြို့မှ သေဆုံးသွားသူများဖြစ်ပြီး တခြားနေရာ များတွင်လည်း ယခုကဲ့သို့ သေဆုံးမှုအများအပြား ရှိနေနိုင်သေးသည်ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်မှ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး နှလုံးသွေးကြောကျဥ်းရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် အပူချိန်မြင့်မားမှုနှင့် ရေရှားပါးမှုတို့ကြောင့်လည်း ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင် စခန်းများနှင့် ရေရှားပါးသော ဒေသများတွင် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အရေပြားရောဂါ (ယားနာ) ဖြစ်ပွားသူ အများအပြားရှိနေကြသော်လည်း ဆေးဝါးများပြတ်လပ်နေမှုကြောင့် ကုသမှု အပြည့်အဝ မရရှိကြပေ။

တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် အမ်းမြို့နယ်တွင်လည်း အပူချိန်မြင့်မားမှုကြောင့် သက်ကြီးပိုင်းများ သေဆုံးမှု ရှိလာသည်ဟု အမ်းမြို့ခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုထားသည်။

ရခိုင်ပြည်တွင် လက်ရှိ အပူအချိန်မြင့်မားနေသည့်အတွက် အရက်သေစာကို လျှော့သောက်ဖို့နှင့် ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ ဆရာဝန်တစ်ဦးကလည်း တိုက်တွန်းထားသည်။

အာရက္ခတပ်တော် (AA)က သိမ်းပိုက်ရရှိထားသော စစ်ရှုံးစစ်ကောင်စီတပ်က ဆေးရုံဆေးခန်းများအား ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေသည်။

ပြီးခဲ့သည့်မေလ ၁၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ ဝဲကြီးထောင့်တိုက်နယ်ဆေးရုံကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံတစ်ခုလုံး ပျက်စီးခဲ့ရသည့် အပြင် ဆေးဝန်ထမ်း၊ လူနာနှင့် လူနာစောင့် ၂၀ ဦးထက်မနည်း ဒဏ်ရာရရှိသွားခဲ့သည်။

ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...