စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံမှုထဲက ရခိုင်အရေး

စစ်ကောင်စီနှင့် မြောက်ပိုင်းသုံးဖွဲ့ တွေ့ဆုံမှုထဲက ရခိုင်အရေး

စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့(AA၊ TNLA၊ MNDAA) တို့သည် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် မေ ၁၅ ရက်မှစပြီး တွေ့ဆုံဆွေးနွေးနေကြောင်း သိရသည်။ ယခုတွေ့ဆုံခြင်းသည် ၅ ကြိမ်မြောက်ဖြစ်ပြီး စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသအကြောင်း ပါဝင်နိုင်ကြောင်း နိုင်ငံရေးအကဲခတ်များက ခန့်မှန်းနေကြသည်။

ရခိုင်စစ်ရေးပဋိပက္ခနှင့်ပတ်သက်ပြီး တရုတ်၊ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ သီးသန့်တစ်ရက် ဆွေးနွေးရန်ရှိကြောင်းလည်း သတင်းထွက်နေသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက “စစ်ကောင်စီကတော့ ရခိုင်ဒေသမှာအပစ်ရပ်ဖို့ တရုတ်ကို ချဉ်းကပ်တယ်ပေါ့လေ။ ဒါပေမဲ့လည်း ဒီကိစ္စမှာ AA ဘက်က အဓိက ဆုံးဖြတ်ရမှာလို့ မြင်တယ်။ AA က ရခိုင်ပြည်ကို အလုံးစုံသိမ်းပိုက်ရေး ဦးတည်ထားတယ်။ ရလဒ်လည်းကောင်းနေတော့ တရုတ်ကြားဝင်လို့ ရပ်တန့်သွားရင် နောင်တချိန်မှာ စစ်ကောင်စီကို ပြန်တိုက်ဖို့ မလွယ်တော့ဘူး။ စစ်ကောင်စီကျဆုံးနေချိန်မှာ အနိုင်တိုက်ထားမှ တော်ရာကျမှာ။ ဒါကြောင့် ဆွေးနွေးပွဲအခြေအနေနဲ့ ရလဒ်ကို စောင့်ကြည့်ရအုံးမယ်” ဟု ပြောသည်။

ယခု ၅ ကြိမ်မြောက်ဆွေးနွေးပွဲတွင်  စစ်ကောင်စီ၏ ငြိမ်းချမ်ရေးအဖွဲ့ NSPNC အဖွဲ့မှ စစ်ဥပဒေချုပ် ဒုဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ AA ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၊ TNLA  ပြင်ပဆက်ဆံရေးဌာနမှုး ဗိုလ်မှူးချုပ် ဖုန်းဝင်းနိုင်၊ TNLA မဟာမိတ်ဆက်ဆံရေးဌာနမှုး ဒုဗိုလ်မှူးကြီး တာမိုးဟိန်း တို့ ဦးဆောင်တက်ရောက်နေကြောင်း သိရသည်။

လက်ရှိတွင် AA သည် ရခိုင်နှင့် ချင်းက မြို့နယ် ၉ ကို သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီက ယင်းနေရာများကို လေကြောင်းပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်ထည်ဖော်ရေးအတွက် တရုတ်က တိုက်ပွဲများရပ်တန့်ရန် ဖိအားပေးနိုင်သဖြင့် AA ဘက်က သဘောထားမှာ စိတ်ဝင်စားစရာ ရှိလာနေသည်။

“AA လိုချင်နေတဲ့ နိုင်ငံရေးအဆင့်အတန်း ကွန်ဖက်ဒရိတ်ကို စစ်ကောင်စီက အလွယ်တကူ လိုက်လျှော့ပါ့မလား။ မေးခွန်းတွေကတော့ တကယ့်စိတ်ဝင်စားစရာဖြစ်တယ်။ တရုတ်ကတော့ ကျောက်ဖြူ SEZ အတွက် အပစ်ရပ်ဖို့ ဖိအားပေးမယ်။ နောက်တစ်ခုက အခုအချိန်မှာ ရခိုင်တပြည်လုံးကို AA မသိမ်းနိုင်သေးဘူး။ AA ရည်မှန်းချက်က အခုရထားတာလောက်နဲ့ တင်းတိမ်မှာလုံးဝမဟုတ်ဘူး။ ဒါကြောင့် ဆွေးနွေးပွဲကတော့ တွေ့လို့သာတွေ့ရတာ။ ထင်သလောက် ခရီးပေါက်မှာ မမြင်ပါဘူး” ဟု ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူ နောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်း ၄ ကြိမ်မြောက်ဆွေးနွေးပွဲတွင် ညီနောင်သုံးဖွဲ့သိမ်းပိုက်ထားသည့် ရှမ်းမြောက်ဒေသက နယ်စပ်ကုန်သွယ်ရေးအပါအဝင် သဘောတူမှုမရခဲ့သည့် အချက်များကို ထပ်ဆွေးနွေးနိုင်ကြောင်း၊ သို့သော်လည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် ညီနောင်သုံးဖွဲ့ဘက်က အလျှော့ပေးမည့်ပုံ မရှိဘဲ၊ စစ်ကောင်စီဘက်က လျှော့ပေးမှသာ  သဘောတူညီမှုရနိုင်ကြောင်း နိုင်ရေးအကဲခတ်တို့က သုံးသပ်နေကြသည်။

မြန်မာ့လက်နက်ကိုင်တော်လှန်ရေးသမိုင်းတွင် အပြင်းထန်ဆုံးနှင့် အအောင်မြင်ဆုံးဟု ပြောဆိုကြသည့် ၁၀၂၇ စစ်ဆင်ရေးကို အတိုင်းအတာနှင့် ရပ်တန့်စေနိုင်သည့် တရုတ်သည်  AA နှင့် သီးသန့်ဆွေးနွေးပွဲကိုပါ အလေးထားလုပ်လာနိုင်ကြောင်း နိုင်ငံရေးအကဲခတ်တို့က ပြောဆိုနေကြသည်။

ရခိုင်စစ်ပွဲနှင့်ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကလည်း ရခိုင်တွင် AA က စစ်ကောင်စီကို အပြင်းအထန် တိုက်ခိုက်နေချိန်ဖြစ်၍ ယခုဆွေးနွေးပွဲရလဒ်မှာ မြန်မြန်ဆန်ဆန် ပေါ်လာနိုင်စရာအကြောင်းမရှိဟု VOA ကို ပြောဆိုထားသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...
AA တပ်ဖွဲ့ဝင်များ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေမှုတစ်ခု။ ဓာတ်ပုံ - လူမှုကွန်ရက် (ဗွီဒီယိုဖိုင်)
March 31, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား မတ်လနောက်ဆုံး သီတင်းပတ်မှ စ...
အိန္ဒိယဘက် စက်သုံးဆီတင် စက်လှေတစ်စီးအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။
March 30, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရမှ နယ်စပ်ဖြတ်ကျော် လောင်စာဆီတင်သွင်းမှုများကို...