ကုလားဂုတ်ကျွန်းမှ ငါးဖမ်းစက်လှေနှင့် ခရီးသည်တင်လှေတို့ကို သွားလာခွင့်ကတ်သန့်ထားဆဲ

ကုလားဂုတ်ကျွန်းမှ ငါးဖမ်းစက်လှေနှင့် ခရီးသည်တင်လှေတို့ကို သွားလာခွင့်ကတ်သန့်ထားဆဲ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲအတွင်းရှိ ကုလားဂုတ်ကျွန်း၌ ငါးဖမ်းစက်လှေတို့နှင့် ခရီးသည်တင်လှေတို့ကို  စစ်တပ်မှ ယနေ့မေလ ၁၅ ရက်နေ့အထိ သွားလာခွင့်ကန့်သတ်ထားဆဲဖြစ်ကြောင်း ဒေသခံတို့မှ သိရသည်။

ကုလားကုတ်ကျွန်းမှ အရှေ့ဆိပ်ကမ်းသို့ သွားလာသည့်ခရီးသည်တင်လှေတို့ကို ညဘက်သွားလာခွင့်ပိတ်ထားပြီး  ကူးတို့ဆိပ်၊ လမိုင်းမြို့နှင့် ပင ဘက်သို့ သွားလာသည့် ခရီးသည်တို့ကိုလည်း အဝင်/ အထွက် မှတ်ပုံစစ်ဆေးလျှက်ရှိကြောင်း ကုလားကုတ်ကျွန်းမှ ဒေသခံတစ်ဦးက ပြောသည်။

“ အရှေ့ဆိပ်ဘက်ကမ်းကိုသွားလာဖို့ပဲတင်းကြပ်ထားတယ်။ အဲ့ဘက်သွားလှေဆို သူတို့သင်္ဘောဘက်ဖြတ်ရမှာ အဝင်ရော အထွက်ရော သူတို့ကို ပြောပြရတယ်။ စစ်ဆေးတယ်။ ရန်သူကအဲ့ကနေပဲဝင်လာနိုင်တယ်ဆိုတော့ လဆန်း၄ ရက်နဲ့ လဆုတ် ၄ ရက်တွေဆိုလည်း လှေစောထွက်လို့မရဘူး” ဟု ကုလားကုတ်ကျွန်းမှ ဒေသခံတစ်ဦး ကပြောသည်။

၎င်းအပြင် ညဘက်သွားလာသည့် ငါးဖမ်းစက်လှေတို့သည် ယင်းကျွန်းမှလှေဖြစ်ကြောင်းအချက်ပြမီး အရောင်တူညီတပ်ထားရမည်ဖြစ်ပြီး ကုလားကုတ်ကျွန်းအတွင်း

အလုပ်သမားသစ်ခန့်အပ်ထားခြင်းကို ပိတ်ပင်ထားကြောင်း ဒေသခံက ဆက်ပြောသည်။

“ အခုကစထွက်နေတာ ၃ ရက်လောက်ရှိပြီး၊ လှေထွက်ရင် အချက်ပြမီးတွေတပ်ထားခိုင်းတယ် ဒီညဒီအရောင်ဆို ထွက်မယ့်လှေတွေအားလုံးက အဲ့အရောင်ဖြစ်ရမယ်။

မဟုတ်ရင်သူတို့ပစ်နိုင်တယ်လို့ပြောထားတယ်။ သူတို့ လုံခြုံရေးအရ ညတိုင်း စစ်သင်္ဘောတွေကနေမီးထိုးတယ်။ အရေးပေါ်အခြေအနေတွေက အုပ်ချုပ်ရေးမှူးထံ သူတို့ မေးမြန်းပြီးပေးသွားတယ် ” ဟု ဆိုသည်။

ပြီးခဲ့သည့် မေလ ၃ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကုလားကုတ်ကျွန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် ပင်လယ်ငါးဖမ်းလှေနှင့် ခရီးသည်တင်လှေအားလုံး လှေထွက်ခွင့်ပိတ်ပင်ထားသည်။

ထို့နောက် ဒေသခံတို့၏ တောင်းဆိုချက်ကြောင့် ပြီးခဲ့သည့်ရက်ပိုင်းတွင် ရွာသားများနှင့်တွေ့ဆုံကာ အရှေ့ဘက်ကမ်းသို့ သွားလာသည့်လှေများကို နေ့ဘက်တွင်သွားလာခွင့်ပြုလာပြီး ငါးဖမ်းလှေတို့ကိုလည်း စည်းကမ်းသတ်မှတ်ချက်အချို့ချမှတ်ကာ ညဘက်တွင်သွားလာခွင့်ပြုလာကြောင်း သိရသည်။

ကုလားဂုတ်ကျွန်းပေါ်ရှိ စစ်ကောင်စီရေတပ်၏ အမြှောက်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များသည် ယခင်က ကုလားဂုတ်ကျွန်းတွင် အလုပ်လာရောက်လုပ်ကိုင်ခဲ့ကြသည့် ရွေ့ပြောင်းအလုပ်သမားများဖြစ်သည်ဟု စစ်ကောင်စီရေတပ်မှ ယူဆနေကြောင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ့တို့ ပြောဆိုလျှက်ရှိသည်။

မော်လမြိုင်အချုပ်ထောင်မှ အကျဥ်းသားများအား နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ပြုစဥ် - ပုံ-CJ
May 1, 2026
စစ်ကော်မရှင်မှ ကဆုန်လပြည့်နေ့တွင် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ထားပြီး...
Ye Lin Aung (facebook)
April 30, 2026
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချူပ်နယ်မြေ၊ ဖာပွန်ခရိုင်၊ လူသောမြို့နယ်ရှိ...
April 29, 2026
အာဏာသိမ်း စစ်အုပ်စုသည် လက်ရှိတွင် အရပ်သားအသွင်ပြောင်းသွားသော်လည်း ပြည်သူလူထုများအား...
April 28, 2026
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အောက်ပိုင်းကျေးရွာများမှ ဘေးလွတ်ရာသို့...