မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၂) သင်တန်းစပေး

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် (၂) သင်တန်းစပေး

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ် စဉ် ၂ သင် တန်းအား မေ ၁၄ ရက်နေ့မှာ ထပ်မံဖွင့်လှစ်လိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းအား သံဖြူဇရပ်မြို့ နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် တကက ၄ လို့ခေါ်တဲ့ အမှတ် ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်း ထပ်မံဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်တဲ့ မှတ်တမ်းဓာတ်ပုံတွေအရ စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းမှာ စစ်သားစုဆောင်းခံရသူ ရာဂဏန်းလောက် တက်ရောက်နေတာ တွေ့ရပါတယ်။

အဲဒီအပတ်စဉ် ၂ သင်တန်းမှာ စစ်သားစုဆောင်းခံရသူတွေဟာ အတင်းအဓမ္မဖမ်းဆီးခံရသူတွေ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ငွေနဲ့ဝယ်ယူပြီး သင်တန်းပို့ထားတဲ့သူတွေ အများဆုံးပါဝင်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းမှာ တက်ရောက်နေတဲ့ သင်တန်းအရေအတွက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရပါဘူး။

အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းကို ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မွန်ပြည်နယ်ရဲ့ စစ် မှုထမ်းအပတ်စဉ် ၁ မှာ စစ်သားစုဆောင်းခံရသူ သင်တန်းသားအယောက် ၂၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းအတွက် လူငယ် ၄၃၀၀ ကျော် စစ်သားစု ဆောင်းခံရပြီး စစ်သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ထားတယ်လို့ BACS ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...