သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်

သရက်ချောင်းမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီမှလေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက် မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သရက်ချောင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် မေလ(၅)ရက်နေ့က စတင်ဝင် ရောက်တိုက် ခိုက်ခဲ့ပြီး  စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု သရက်ချောင်း PDF တပ်ဖွဲ့ဝင်တစ်ဦးက ယခုလို ပြောသည်။

“ ပြီးခဲ့တဲ့ရက်ကတည်းက စစ်တပ်နဲ့ပျူစောထီးတွေ တပ်စွဲထားလို့ဝင်တိုက်တာပါ။ ထိခိုက်ကျဆုံးမှု ကိုတော့ အတည်မပြုရသေးဘူး။ ပဲဒက်ရွာတဝိုက်ကိုတော့ သုံးကြိမ် ဗုံးနဲ့လာကြဲချသွားတယ်။ ပျူစော ထီးစခန်းကို တော့သိမ်းပြီးပြီ။ စစ်ရေးတင်းမာနေတဲ့ အခြေနေမှာ ရှိနေတုန်းပဲ။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

မြိတ်-ထားဝယ်ကားလမ်းမအနီးရှိ ပဲဒက်ကျေးရွာတွင် နှစ်ဖက်တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွား နေသောကြောင့် လမ်းပိတ်ကာ ကားကြီးများလည်း ပိတ်မိနေပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သရက်ချောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ ပြီးခဲ့တဲ့ရက်အထိကို ကားလမ်းတွေပိတ်နေတာ။ တိုက်ပွဲတွေကလည်း ဖြစ်နေတော့ ရွာသား တွေကတော့ နီးတဲ့နေရာကိုရှောင်နေကြရတယ်။ စစ်တပ်ကလည်း လေကြောင်းနဲ့ ဆက်တိုက် လာပစ် နေတာဆိုတော့။ အရပ်သားထိတာကတော့ အခုချိန်ထိကြားရတာ မရှိသေးဘူး။ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ကြတာရှိတယ်လို့ ကြားတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် တပ်ဖွဲ့ဝင်များ၏ ထိခိုက်သေဆုံးမှု သတင်းများကို တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ထုတ်ပြန်ထားခြင်းမရှိသေးသလို နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲ အခြေအနေတွင် ရှိနေသေးကြောင်း ဒေသခံများက ဆိုသည်။

အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်းတွင်လည်း ပြီးခဲ့သည့် မေလ ၂ ရက်နေ့နှင့် မေလ ၃ ရက်နေ့အတွင်း နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်းဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...