စစ်တွေမှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား စစ်ကောင်စီက ပြန်လည်ခေါ်ယူ

စစ်တွေမှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား စစ်ကောင်စီက ပြန်လည်ခေါ်ယူ

ရခိုင်ပြည်၊ စစ်တွေမြို့မှ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီခန့် အကြီးပိုင်းဝန်ထမ်းများအား စစ်ကောင်စီမှ ပြန်လည်ခေါ်ယူနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားလာမည်စိုး၍ ထွက်ပြေးတိမ်းရှောင်နေသည့်   ပညာရေးဝန်ထမ်း၊အုပ်ချုပ်ရေးပိုင်းဝန်ထမ်းအပါအဝင် ဝန်ထမ်းအကြီးပိုင်းများကို ယခု မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ လာရမည်ဟု သက်ဆိုင်ရာဌာနများက ညွန်ကြားထားသည်ဟု စစ်တွေမြို့ခံ စစ်ကောင်စီဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“အခုတလောစစ်တွေကနေရန်ကုန်ကိုသွားတာထက် ရန်ကုန်ကနေပြန်လာတဲ့သူတွေရှိနေတယ်။ အဲ့ဒီနေရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးက သူဌေးတွေက လက်ကျန်တွေကိုလာယူတာ။ နောက်တစ်ခုကကျတော့ အစိုးရဝန်ထမ်း အကြီးပိုင်းတွေ လာကြတယ်။ သူတို့က သက်ဆိုင်ရာဌာန တွေက ပြန်ခေါ်နေတယ်။ ဒီလ ၂၅ ရက်နေ့ အရောက်လာရမယ်ပြောတယ်” ဟု ပြောသည်။

သတ်မှတ်ထားသည့် ရက်အတိုင်း အချိန်မှီ မရောက်နိုင်ပါက  CDM အဖြစ်သတ်မှတ်ပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် တရားစွဲဆိုသွားမည်ဟု ခြိမ်းခြောက်ထားသည့် အတွက် စစ်ကောင်စီဝန်ထမ်းတချို့ပြန်လာနေရသည်ဟု စစ်ကောင်စီဝန်ထမ်းတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ စစ်ကောင်စီက ၅၀၅ (က)နဲ့အမှုဖွင့်မယ်။ CDM ဝန်ထမ်းအဖြစ်သတ်မှတ်မယ်ပြောတော့ ရန်ကုန်၊ နေပြည်တော်မှာ တိမ်းရှောင်နေတဲ့ အကြီးပိုင်းဝန်ထမ်းတွေက ပြန်လာနေရတယ်” ဟုပြောသည်။

ယင်းအပြင် နယ်မှပညာရေး ဝန်ထမ်းများကို စစ်တွေသို့မလာပါက ဝန်ထမ်းလစာ မထုတ်ပေးကြောင်း ပညာရေးဝန်ထမ်းတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ မြောက်ဦး၊ကျောက်တော်၊ပေါက်တော နယ်ဖက်ကဝန်ထမ်းတွေ တစ်ယောက်မှ လစာထုတ်မပေးဘူး။ စစ်တွေကို လာထုတ်မှ ပေးမယ်တဲ့ “ ဟုပြောသည်။

စစ်တွေတွင် တိုက်ပွဲဖြစ်ပွားလာမည် စိုး၍ ဝန်ထမ်းများ၊ မြို့ခံများသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လမှ စ၍ မြို့ကိုစွန့်ခွာသွားကြပြီဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းက မောင်တောခရိုင် ရဲတပ်ဖွဲ့နှင့် မြို့မရဲစခန်းတို့ မှ နုတ်ထွက်စာတင် ထွက်သွားသူနှင့် ထွက်ပြေးသူအရေအတွက် (၁၀၀) ခန့်အထိ ရှိလာနေပြီး ၎င်းတို့အားလုံးကို  မောင်တောမြို့မရဲစခန်း၌ ပုဒ်မ(၅၀၅) ဖြင့် အမှုဖွင့်ထားကြောင်း  ရဲအသိုင်းအဝန်းမှ တဆင့် သိရသည်။

Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...
ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...