ကလေးမြို့နယ် ပြည်တော်ရွာကနေအိမ်တွေမီးရှို့ခံရပြီး ဒေသခံရွာသား(၂) ဦးအသတ်ခံရတယ်လို့ သိရ

ကလေးမြို့နယ် ပြည်တော်ရွာကနေအိမ်တွေမီးရှို့ခံရပြီး ဒေသခံရွာသား(၂) ဦးအသတ်ခံရတယ်လို့ သိရ

စစ်ကိုင်းတိုင်း ကလေးမြို့ မြောက်ပိုင်း ကလေး - လက်ပံချောင်း လမ်းမဘေးမှာတည်ရှိတဲ့ ပြည်တော််သာရွာကို ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့ကာ နေအိမ်တွေကိုမီးရှို့ခဲ့ပြီး ဒေသခံရွာသား (၂) ဦးကိုလည်းသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြည်တော်သာရွာကို ဧပြီလ (၃၀) ရက်နေ့ နေ့လည်ပိုင်းလောက်ကနေစလို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း မီးရှို့ခဲ့ကာ မနေ့မေလ ၂ ရက်ညအထိ မီးတွေဆက်လောင်နေတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်က သတ်ဖြတ်လို့ သေဆုံးသွားတဲ့  ပြည်တော်သာရွာက ဒေသခံ (၂) ဦး ကိစ္စကိုတော့  မနေ့ မေလ ၂ ရက်နေ့မှဘဲ ဒေသခံတွေက အတည်ပြုသိရှိရတာလို့လည်း သိရပါတယ်။

ကလေးမြို့မြောက်ပိုင်းက ကျေးရွာတော်တော်များများက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ကြီးတွေကြောင့်လည်း ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုတွေလည်း များခဲ့ပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် ကလေးမြောက်ပိုင်း ကလေး - လက်ပံချောင်းလမ်းမဘေးမှာတည်ရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူထောင်ချီဟာ နေရပ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

May 23, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ ၂ မိုင် အကွာမှာ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ချင်းလက်နက်ကိုင်...
May 22, 2026
နေရပ်ပြန်မယ့် ဖလမ်းမြို့ ဒေသခံတွေအတွက် ဖလမ်းခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ မိတ်သဟာယ ( FCMF) က...
May 21, 2026
စစ်ကောင်စီတပ်ဖွဲ့ဟာ ချင်းပြည်နယ်အတွင်း  တားမြစ်ထားတဲ့ ပဒေသာဗုံး ( Cluster Bomb တွေနဲ့...
May 20, 2026
ချင်းပြည်အရေးပေါ် ကာကွယ်ရေး ရန်ပုံငွေအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများ (Middle East)ကို...