မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂၀၀ ကျော်ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂၀၀ ကျော်ဖမ်းဆီးခံရ

မလေးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီ(၂၆)ရက်နေ့ တစ်ရက်အတွင်း အထောက်အထားမဲ့ ရွေ့ပြောင်းအလုပ်သမား ၂ ရာကျော်ဖမ်းဆီးခံ ရတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေအနက် (၂၀၇)ယောက် ဟာ ဂျိုဟိုးပြည်နယ်မှာ ဖမ်းဆီးခံ ရတာဖြစ်ပြီး ၊ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူ imbeမှာတော့ ဖမ်းဆီးခံ ရတဲ့သူ (၂၀)ကျော်ရှိတယ်လို့သိရပါတယ်။

ဖမ်းဆီးခံရမှူဖြစ်စဉ်အတွင်း အထောက်အထားမဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား တွေ ပါ၀င်တယ်လို့သိရပြီး ဖမ်းဆီးခံရတဲ့ အရေအတွက်နဲ့ပတ်သက်ပြီး တိတိကျကျမသိရသေးသလို ဖမ်းဆီးခံရတဲ့သူတွေကို မလေးရှားအစိုးရအနေနဲ့ လူ၀င်မှုကြီးကြပ်ရေး၀န်ကြီး ဌာန ထိန်းသိမ်းထားတယ်လို့သိရပါတယ်။

မလေးရှားအစိုးရက တရားမ၀င်အထောက်အထားမဲ့ နေထိုင်သူတွေကို ၂၀၂၄ခုနှစ် မတ်လ(၁)ရက်နေ့ကနေ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ ၎င်းတို့ မိခင်နိုင်ငံက ပြန်လည်လက်ခံရေးအစီအစဉ်ကို ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...