မလေးရှားသွားမယ့် မြန်မာလုပ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံမှာဖမ်းဆီးခံရ

မလေးရှားသွားမယ့် မြန်မာလုပ်သား ၁၀၀ နီးပါး ထိုင်းနိုင်ငံမှာဖမ်းဆီးခံရ
Photo Crd
Photo Crd

မလေးရှားနိုင်ငံမှာ သွားရောက်လုပ်ကိုင်မည့် အထောက်အထားမဲ့ မြန်မာနိုင်ငံ သား ၁၀၀ နီးပါးကို ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ ဖမ်းဆီးရမိ တယ်လို့ ထိုင်းအခြေစိုက် သတင်းတွေကဖော်ပြထားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသား ၆၁ ဦး၊ အမျိုးသမီး ၃၄ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ကျောပိုးအိတ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့်အတူ တောထဲတွင် ပုန်းနေကြတဲ့အချိန်မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူ‌ေတွဟာ ထိုင်းနယ်စပ်ဒေသဖြစ်တဲ့ တာ့ခ်ခရိုင်၊ ကန်ချနဘူရီခရိုင်နှင့် ပရာကျွတ်ခီရီခန်ခရိုင်၊ ရနောင်းခရိုင်များကတစ်ဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတာဖြစ်ပြီး ထာ့ချန်ရဲစခန်းသို့ ပို့ဆောင်ပြီးဥပဒေအရ ဆက်လက်အရေးယူ ဆောင်ရွက်ပြီးနောက် နေရပ်ပြန်လည်ပို့ဆောင်သွားမယ်လို့သိရပါတယ်။

မြန်မာစစ်တပ်က စစ်မှုမထမ်းမနေရ ဉပဒေပြဌာန်းပြီးတဲ့နောက်ပိုင်း လူငယ် လူရွယ်အများစုဟာ နိုင်ငံပြင်ပကိုရရာနည်းလမ်းနဲ့ထွက်ခွာတဲ့သူ ပိုမိုများပြားလာတယ်လို့သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...