ကျီးကန်ပြင်ဌာနချုပ်အနီးရှိ အောင်မင်္ဂလာနယ်ခြားစောင့်စခန်း AA ထံ လက်နက်ချ

ကျီးကန်ပြင်ဌာနချုပ်အနီးရှိ အောင်မင်္ဂလာနယ်ခြားစောင့်စခန်း AA ထံ လက်နက်ချ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ ကျီးကန်းပြင် ဌာချုပ်အနီးရှိ အောင်မင်္ဂလာကျေးရွာ နယ်ခြားစောင့် စခန်းသည် ဧပြီလ ၂၃ ရက် နေ့လယ်ပိုင်း၌ အာရက္ခတပ်တော်ထံ လက်နက်ချခဲ့သည်ဟု သတင်းရရှိသည်။

လက်နက်ချပြီူနောက် စစ်ကောင်စီမှ ဂျက်တိုက်လေယာဥ် ၂ စီးဖြင့်ဗုံးလာကြဲချခဲ့ကြောင်း ဒေသတွင်း ခိုင်လုံသည့် သတင်းများရင်းမြစ်အရ သိရသည်။

 " ဧပြီ ၂၃ ရက်နေ့ နေလယ်ပိုင်းမှာ စခန်းတစ်ခုလုံးလက်နက်ချလိုက်တာ။ အင်အား ၃၀ လောက် ရှိတယ်။ လက်နက်ချပြီးတဲ့နောက်  ဂျက် ၂ စီးနဲ့ လာပြီးဗုံးကြဲတယ်။ မောင်တော နခခ(၅) နဲ့ နတ်မြစ်ဝက စစ်သင်္ဘောကလက် နက်ကြီးဆက်တိုက်ပစ်ခဲ့တယ်” ဟု ပြောကြားသည်။

အာရက္ခတပ်တော် ( AA) သည် မောင်တောမြို့နယ် မြောက်ပိုင်း စစ်ကောင်စီစခန်းများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လာရာ လက်ရှိ ကျီးကန်းပြင် ဌာနချုပ်သို့ထိ ရောက်ရှိလာပြီ ဖြစ်သည်။

အာရက္ခတပ်တော်မှ ၎င်းဌာချုပ်စခန်းကို  ထိုးစစ်ဆင်တိုက် ခိုက်လာပါက တိုက်ပွဲပြင်းထန်နိုင်သဖြင့်  ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ အောင်သာယာ၊ ကျီးကန်းပြင်၊ အောင်ဇေယျ စသည့် ကျေးရွာများမှ အရပ်သားပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်ရှောင် ထွက်ပြေးနေကြရသည်ဟု အမည်မဖော်လိုသူအမျိုးသမီးတစ်ဦးက ပြောသည်။

"ကျီးပြင်ဖက်ကို မြို့သူကြီး နခခ(၅)က လက်နက်ကြီး ပစ်သံတွေဆက်တိုင်းကြားနေရတယ်။ ကျီးကန်းပြင်ဖက်မှာကျရောက် ပေါက်ကွဲသံကိုပါမောင်တောမြို့ပေါ်ကကြားနေရတယ်။ အေအေ ဖက်က ကျီးကန်းပြင်နယ်ခြားစောင်းဌာနချုပ်ကို လေးဖက်လေးတန်က ဝိုင်းပိတ်ထားတယ်လို့တော့ ကြားသိရတယ်"ဟု ပြောကြားသည်။

ရခိုင်ဒေသ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ မှစပြီး အာရက္ခတပ်တော်မှ စစ်ကောင်စီတပ်များအား တစ်ကျော့ပြန်ထိုးဆင်တိုက်ခိုက်မူ၌ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီနယ်ခြားစောင့် စခန်းများနှင့် စစ်ဗျူဟာစခန်းများဖြစ်သည့် ဒုံးညို၊ တောင်ပြိုလက်ဝဲ/လက်ယာ၊ အောင်သပြေ၊   ကြောင်နဘေ၊ ခမောင်းဆိပ်၊ တမန်းသား၊ ကြိမ်ချောင်း၂၄ ဗျူဟာ၊ နခခ(၇)၊ ငါးခူရ၊ ရွက်ညို့တောင် စသည့် စခန်းများအားအပြီးသတ်သိမ်းပိုက်ထားခဲ့ပြီးသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...