မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်မယ်လို့ စစ်ကောင်စီပြော

မွန်ပြည်နယ်မှာ လျှပ်စစ်မီး ပိုမိုပြတ်တောက်မယ်လို့ စစ်ကောင်စီပြော

မွန်ပြည်နယ်အပါအဝင်တိုင်းဒေသကြီး ၃ ခုမှာ ဧပြီနောက်ဆုံးအပတ်ကစပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုမိုများပြားလာနိုင်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ် လျှပ်စစ် ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းက ထုတ်ပြန်ပါတယ်။

ဧပြီ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းက ဒေသတွေကို နိုင်ငံတော် ဓာတ်အားစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေပေးနေရာမှာ လက်ရှိ ရဲရွာရေအားလျှပ်စစ်စက်ရုံမှာ စက်တွေမဝင်နိုင်သေးမီ ရွှေလီရေအားလျှပ်စစ်စက်ရုံက စက်တွေနဲ့ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနေရတာကြောင့် ဝန်အားလျှော့ချထိန်းညှိမယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ ပုံမှန်ထက် ဝန်အားလျှော့ချမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ တောင်ပိုင်းဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်အပါအဝင်ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ပုံမှန်ထက် လျှပ် စစ်မီးပိုမို ပြတ်တောက်မှု များပြားလာမယ်လို့ အသိပေးထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီလက်အောက်ခံ မွန်ပြည်နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းက လျှပ် စစ်မီး ဘယ်အချိန်မှာ ပုံမှန်အတိုင်း ပြန်ပေးနိုင်မယ်ဆိုတာကိုတော့ တိတိကျကျ အသိပေးထားတာ မရှိပါဘူး။

လက်ရှိ မွန်ဒေသမှာတော့ စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေမှာ လျှပ်စစ်မီးကို တစ်ရက်လျှင် အ ချိန် ၆ နာရီ၊ နယ်ဘက်တွေမှာ တစ်ရက်လျှင် အချိန် ၄ နာရီလောက်သာ အလှည့်ကျစနစ်နဲ့ လျှပ်စစ် မီး ဖြန့်ဝေပေးနေတာပါ။

SME လုပ်ငန်းရှင်တစ်ဦးက လက်ရှိကာလမှာ လျှပ်စစ်မီး တစ်နေ့ကုန်မလာတဲ့ကြားကမှ လျှပ်စစ်မီးပိုပြီးပြတ်တောက်လာရင် စီးပွားရေးလုပ်ငန်းတွေ ပိုပြီးထိခိုက်လာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“တချို့ရက်ဆိုရင် တစ်နေကုန် မလာဘူး။ မနက်ထဲကနေ တောက်လျှောက် မလာဘူး။ ည ၉ နာရီလောက်မှ တချက်လာတယ်။လျှပ်စစ်မီးတွေ ပိုပြီးတော့ ပျက်လာမယ် ဆိုရင်တော့လည်း စီးပွား ရေးလုပ်ငန်းတွေကတော့ ပိုပြီးတော့ ထိခိုက်မှုများမှာပေါ့။ အစားထိုးသုံးတဲ့ မီးစက်တွေအတွက်လည်း ဆီတွေပိုကုန်တာတွေ ပိုသုံးလာတာတွေ ဖြစ်လာတဲ့အတွက်လည်း တနည်းနည်းနဲ့တော့လည်း သူကဆိုးကျိုးကိုတော့ သက်ရောက်မှုတွေတော့ ရှိတာပေါ့။ နေထိုင်မှုဘဝမှာတော့ တော် တော်လေး သက်ရောက်တာပေါ့။ မလိုအပ်ဘဲနဲ့ လူတွေတအား ပင်ပန်းတယ်လေ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီကတော့ SME လုပ်ငန်းတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ အမြဲတမ်းလိုလို ပြောဆိုနေပေမယ့် လျှပ်စစ်မီးတောင် ပုံမှန်မပေးနိုင်တဲ့အတွက် လုပ်ငန်းလည်ပတ်ရာမှာ ထုတ် လုပ်မှုစရိတ်တွေ ပိုမိုကုန်ကျလာပြီး ရပ်တည်ဖို့တောင် ခက်ခဲလာတယ်လို့ SME လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကလည်း လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်လာတဲ့အတွက် မီးစက်ကြီးတွေကို အသုံးပြုပြီး လုပ်ငန်းတွေ လည်ပတ်နေရတာကြောင့် ကုန်ကျစရိတ်တွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။

“လျှပ်စစ်မီးတွေက ပိုပြီးတော့ ဆိုးလာတယ်လေ။ လျှပ်စစ်မီးက အဓိကကုန်ကျစရိတ်တွေ တော် တော်ဆွဲတာကို ဆီဖိုးတွေကဆွဲတဲ့ အခါကျတော့ ရသင့်ရထိုက်တဲ့အမြတ်ကနေ မရနိုင်ဘူးပေါ့နော်။ ဒီဆီဈေးတက်တယ်။ လျှပ်စစ်ကမရတဲ့အခါကျတော့ လုပ်ငန်းရဲ့လည်ပတ်မှုစရိတ်က ကြီးလာတာပေါ့။ ကုန်ကျစရိတ်တွေကတော့ တက်လာတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် လျှပ်စစ်မီးတွေဟာ အရင်လို အချိန်ဇယားနဲ့ပေးတာမဟုတ်ဘဲ ပေးချင်သလို ပေးနေတဲ့အတွက် လုပ်ငန်းလည်ပတ်ဖို့အတွက် အခက်အခဲရှိလာသလို စက်သုံးဆီဈေးနှုန်းတွေကလည်း အဆမတန် မြင့်တက်နေတာကြောင့် လုပ်ငန်းမရပ်နားရအောင်သာ လည်ပတ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိကာလဟာ အပူချိန်မြင့်တက်လာမှုနဲ့အတူ လျှပ်စစ်မီးရရှိမှု နည်းပါးလာတာကြောင့် ကလေး သူငယ်တွေနဲ့ အသက်ကြီးပိုင်းလူကြီးတွေ ကျန်းမာရေး ထိခိုက်မှု ရှိလာသလို လူမှုစီးပွားဘဝတွေပါ ခက်ခဲလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာခ ပုံမှန်မပေးသွင်းတဲ့ နေအိမ်တွေကို လျှပ်စစ်မီးလိုက်လံ ဖြတ်တောက်နေသလို ရပ်ကွက်တွေအတွင်းရှိ ကိုယ်ထူကိုယ်ထ လုပ် ဆောင်ထားတဲ့ လမ်းမီးတွေကိုလည်း လိုက်လံဖြုတ်သိမ်းနေတာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အရင်လို လျှပ်စစ်မီးပုံမှန်မရရှိတော့ဘဲ အချိန်ပိုင်းသာရရှိနေပြီး ဆိုးဆိုးဝါးဝါး လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို ဒေသခံပြည်သူတွေ အ လူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

May 3, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသန္တာအထူးကုဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့...
May 1, 2024
တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်တဲ့ မြို့ရွာ‌တွေအတွင်း တော်လှန်ရေးအဖွဲ့တွေ စိမ့်ဝင်ခိုအောင်းမှု...
April 29, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက်...
April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...