မြဝတီမြို့သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ခံထားရ

မြဝတီမြို့သို့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ခံထားရ
ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်ပြည်နယ် မြဝတီမြို့သို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် KNLA ဦးဆောင်ပြီး ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားတယ်လို့ KNU ဗဟိုက ဧပြီ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မြဝတီမြို့မှာ နောက်ဆုံး ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၇၅ တပ်ရင်းကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့မှာ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင် စီတပ်ဟာ မြဝတီမြို့ ပြန်လည်ရရှိရေး“အောင်ဇေယျ”အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့တို့မှ လာရာလမ်းတစ်လျှောက်မှာ အဆတ်မပြတ် ဖြတ်တောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဖြတ်တောက်တိုက်ခိုက်ခံရတာကြောင့် သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာကျော် ထိခိုက်သေဆုံးခဲ့ပြီး ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါ နတောင်တန်း အနောက်ဘက်တောင်ခြေမှာသာ ရပ်တန့်နေခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ချီတက်ရာလမ်းတစ်လျှောက်မှာလည်း စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေနေထိုင်ရာ နေရာဒေသတွေကို  လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေ ကျူး လွန်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

မြဝတီမြို့တိုက်ပွဲကြောင့် ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ယာယီပိတ်ထားပြီး အမှတ် ၁ ချစ်ကြည် ရေးတံတားကတော့ ပိတ်ထားခြင်းမရှိဘဲ ပြည်သူလူထုတွေက ထိုင်းဘက်ခြမ်းကို ဖြတ်သန်းဝင်ရောက်မှုတွေ ရှိနေတယ်လို့ နယ်စပ်သတင်းရင်းမြစ်ကနေ သိရပါတယ်။

September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...
September 2, 2026
မွန်ပြည်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးအချို့သည် စစ်မှုထမ်း အကျုံးဝင်သည့်...
ဓာတ်ပုံ - CJ
September 2, 2026
ရေကြီးရေလျှံမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားနေသည့် မွန်ပြည်၊ ကျိုက်မရောမြို့နယ်နှင့်...