ကလေး အကျဉ်းထောင်ကနေ အကျဉ်းကျနေသူ(၃၀)ကျော်လွတ်ငြိမ်း သက်သာခွင့်ရတယ်လို့သိရ

ကလေး အကျဉ်းထောင်ကနေ အကျဉ်းကျနေသူ(၃၀)ကျော်လွတ်ငြိမ်း သက်သာခွင့်ရတယ်လို့သိရ
Photo By MOI
Photo By MOI

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးအကျဉ်းထောင်မှာ အကျဉ်းကျ နေတဲ့ အကျဉ်းသူ/အကျဉ်းသား (၃၃)

ယောက်ဟာ စစ်ကောင်စီရဲ့နစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထဲမှာ ကလေးအကျဉ်းထောင် ကနေ အကျဉ်းသား(၃၁)ယောက်နဲ့အကျဉ်းသူ(၂)ယောက် စုစုပေါင်း(၃၃)ယောက် ကို ယမန်နေ့ နေ့လည်(၁၂)နာရီကျော်မှာ လွတ်ငြိမ်းခွင့်ရခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့လွတ်ငြိမ်းသက်သာခွင့်ရတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား မပါ၀င်ဘူးလို့ ဒေသခံတွေကပြောဆိုနေကြပေမယ့်  Chin World Mediaအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်သစ်ကူးအထိမ်းအမှတ် အဖြင့် အကျဉ်းသူ/သားစုစုပေါင်း(၃၃၃၉)ယောက် လွတ်ငြိမ်းသက်သာခွင့် ပြုတာဖြစ်ပြီး အဆိုပါအထဲမှာ စစ်ကိုင်းတိုင်းက (၉၈)ယောက် ပါ၀င်တယ်လို့ သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...