ကလေးမြို့နယ် ပျဉ်းခုံလေးရွာက အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရ

ကလေးမြို့နယ် ပျဉ်းခုံလေးရွာက အိမ်ခြေ ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ သိရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်း က ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ ပျဉ်းခုံလေး ရွာက အိမ်ခြေ ၂၁၉ အိမ် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသတွင်း သတင်းတွေဖော်ပြချက်အရ  သိရပါတယ်။

ပျဉ်းခုံလေးရွာကို ယမန်နေ့ ဧပြီလ (၁၂) ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကာ ရွာထဲက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မီးရခံရတဲ့ ပျဉ်းခုံလေးရွာက အိမ်ခြေအားဖြင့် ၃၂၈ အိမ်ခြေရှိပြီး  ၂၁၉ အိမ်ကတော့ မီးရှို့ဖျက်ဆီးခံရတဲ့ထဲပါသွားပြီး ၁၀၉ အိမ်ခြေလောက်သာ ကျန်ခဲ့တယ်လို့လည်း သိရပါတယ်။

ကလေးမြို့မြောက်ပိုင်းက မော်စီရွာမှာတပ်စွဲတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ယမန်နေ့ မနက်ပိုင်းကနေ စလို့ လက်နက်ကြီးတွေ တောက်လျှောက်ပစ်ခတ်ခဲ့ကာ ပျဉ်းခုံလေးရွာကို စစ် ကြောင်းထိုးလာခဲ့သလို  မီးရှို့ဖျက်စီးတာကိုလည်း လုပ်ခဲ့တာလို့ သိရပါတယ်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေအကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးတာတွေ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ပြီး ဒေသခံအများစုဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

July 30, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ လေမြိုချောင်း (ခေါ်) ဖုန်းလောင်ဒေသအတွင်းမှ ကျေးရွာ (၁၆) ရွာခန့်တွင်...
July 27, 2026
ချင်းပြည်အတွင်းရှိ တော်လှန်ရေး အင်အားစုများအကြား ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပေးထားသော်လည်း...
July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...