နေပြည်တော်အေလာလေဆိပ် ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ထပ်မံတိုက်ခိုက်ခံရ

နေပြည်တော်အေလာလေဆိပ် ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့်ထပ်မံတိုက်ခိုက်ခံရ

စစ်ကောင်စီ၏ နေပြည်တော်အေလာလေဆိပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၁ ရက် နံနက် ၄ နာရီခွဲအချိန်တွင် (၁၀၇ မမ) ရှော့တိုက်ဒုံး (၇) လုံးဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar-BWM အဖွဲ့က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နေပြည်တော်အေလာလေဆိပ်သည် နိုင်ငံတကာလေဆိပ်တစ်ခုဖြစ်သလို နိုင်ငံ၏ ဗဟိုအချက်အခြာတွင် တည်ရှိ နေသည့်အပြင် လေကြောင်းတိုက်ခိုက်ရန်အတွက် အနယ်နယ်အရပ်ရပ်သို့ စစ်လေယာဉ်များစေလွှတ်ရန် အဓိက အခြေခံ ကျသည့် အဆင့်မြင့်လေဆိပ်စခန်းတစ်ခုဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အဖြစ်သတ်မှတ်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်ဟု BWM အဖွဲ့၏ရဲဘော်တစ်ဦးက ယခုလိုပြောသည်။

၎င်းက “ကျနော်တို့အေလာလေဆိပ်ကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်တာ ဒီတစ်ကြိမ်နဲ့ဆို ၄ ကြိမ်ရှိပြီး။ တိုက်ခိုက်မှု အတွင်းမှာတော့ သူတို့ဘက်က ထိခိုက်ကျဆုံးမှုတော့ရှိမယ်။ ဒါပေမဲ့ အသေးစိတ် မသိရသေးဘူး။ တော်လှန်ရေး အဖွဲ့တွေ က သူတို့လုံခြုံရေး အထူးမြှင့်ထားပါတယ်ဆိုတဲ့ နေပြည်တော်မှာတောင် ဘယ်နေရာဘာတွေရှိလဲဆိုတာကအစ သိထားပြီး ဆိုတော့ လာမဲ့ Mission တွေမှာဒီထပ်ပိုပြီး စစ်ဆင်ရေးထိထိရောက်ရောက် မြှင့်သွားမယ်လို့ပဲ ပြောချင်ပါ တယ်” ဟုပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေနှင့်ပတ်သက်ပြီး အသေးစိတ်ထုတ်ပြန်ထားခြင်းမျိုးမရှိသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်းမျိုးမတွေ့ရသေးပေ။

ထို့အပြင် အေလာလေဆိပ်သည် စစ်ကောင်စီတပ် အကြီးအကဲတို့၏ ထွက်ပြေးရန် အဓိကပြေး ပေါက်တစ်ခုလည်း ဖြစ်နေသလို စစ်ကောင်စီ၏ အလုံခြုံဆုံး နှင့် အဆင့်အမြင့်ဆုံးဆိုသည့် လေတပ်စခန်းသည်လည်း တော်လှန်ရေး အင်အားစု၏ လက်တစ်ကမ်းပစ်မှတ်အဆင့်သို့ ရောက်ရှိနေသည်ကို သက်သေပြလိုက်ခြင်းဖြစ်ကြောင်းလည်း BWM ကအသိပေး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့ကလည်း စစ်ကောင်စီ၏နေပြည်တော်ရှိ စစ်ရုံးချုပ် နှင့် အေလာလေဆိပ်ကို အမျိုးသား ညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်ရှိ ဒရုန်းအဖွဲ့များက ဗုံးတပ်ဆင်ထားသော ဒရုန်းများဖြင့်ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း NUG-MOD ဘက်က အတည်ပြုထုတ်ပြန်ခဲ့သေးသည်။

အလားတူ စစ်ကောင်စီတပ်များအခြေချပြီး စစ်ရေး၊ ထောက်ပို့၊ အဖက်ဖက်မှ အသုံးပြုနေသည့် စစ်ကောင်စီတပ်၏ လေတပ်စခန်းများကို တော်လှန်ရေးအင်အားစုများက နိုင်ငံတစ်ဝှမ်း တော်လှန်ရေး အရွေ့ဖြစ်စေမည့် နောက်ထပ် စစ်ရေး ပစ်မှတ်များကိုလည်း တစိုက်မတ်မတ် ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း BWM က ဆိုထားသည်။

Most read this week

April 27, 2024
စအိုင်ဆူး - “မိုးလင်းရင် (ရိတ်ထားသည့်စပါးများ)ချွေမယ်ဆိုပြီး အစာပြေစားနေကြတာ။ အစာပြေစားလို့တောင်...
Photo: KIC
April 27, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြို့အဝင်ကို ဧပြီလ ၂၅ ရက်၊ ယမန်နေ့မှစ၍...
April 26, 2024
ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားအမှတ် (၂) နေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး  သားလွတ်...
April 26, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ရပ်နားထားသည့်...