မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စစ်စခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာပြီး အမှတ် ၂ ချစ်ကြည်ရေးတံဘက်ထွက်ပြေးတိမ်းရှောင်

မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ စစ်စခန်းက စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာပြီး အမှတ် ၂ ချစ်ကြည်ရေးတံဘက်ထွက်ပြေးတိမ်းရှောင်

မြဝတီမြို့ပြင် အာရှလမ်းမနေရာရှိ ခြေလျင်တပ်ရင်း-ခလရ ၂၇၅ မြို့စောင့် တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ဧပြီလ ၁၀ ရက်၊ ယမန်နေ့ည ၁၁ နာရီကျော်အချိန်ခန့်က တပ်ရင်းစစ်စခန်းအား စွန့်ခွာ ထွက်ပြေးသွားပြီး ထိုင်း-မြန်မာ နယ်စပ်အမှတ် ၂ ချစ်ကြည်ရေးတံတားကုန်ကားဝင်း၌ ဒဏ်ရာရရှိထားသူများအပါအဝင် အင်အား ၂၀၀ ဝန်းကျင်ခန့် ရှောင်တိမ်းရောက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က ခလရ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့များအား လက်နက်ချအညံ့ခံခြင်းမရှိသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ အပြင်းအထန် တိုက်ခိုက်နေချိန်အတွင်း ည ၁၁ နာရီကျော်အချိန်တွင် စခန်းစွန့်ခွာပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က “ညက စစ်တပ်က ကောင်တွေ ရေပူ ရွာထဲကနေ ဖြတ်သွားတယ်။ ၃ကြိမ်၊ ၄ကြိမ်လောက် ရှိမယ်။ လူ ၂၀၀ ဝန်းကျင် လောက်ရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်းပါတယ်၊ အများကြီးပဲပါတယ်။ တံတား ၂ ဘက် နဲ့ မြို့ထဲဘက်ကို သွားကြတာ တွေ့ရတယ်” ဟု ပြောသည်။

လက်ရှိ စစ်စခန်း စွန့်ခွာ ထွက်ပြေးသွားသည့် ခလရ ၂၇၅ တပ်ရင်းကို KNLA မဟာမိတ်ပူးပေါင်းတပ်များ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင် နေပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိမှုရှိနေကြောင်း တိုက်ပွဲအတွင်း ပါဝင်တိုက် ခိုက်နေသည့် မဟာမိတ်ရဲဘော်သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

စခန်းစွန့်ခွါ ထွက်ပြေးသွားသည့် ရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အမှတ် ၂ မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားဘက်သို့ ရောက်ရှိလာသော သတင်းကြောင့် လက်ရှိထိုင်းနိုင်ငံဘက်ခြမ်းတွင် ထိုင်းတပ်မတော်က လုံခြုံရေးတိုးမြင့်ချထားလျက်ရှိသည်ဟု သိရှိရသည်။

April 28, 2026
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အခြေစိုက် စစ်အုပ်စုနှင့် DKBA ခွဲထွက် ဗိုလ်ဘိအဖွဲ့က ဂျိုင်းမြစ်နှင့်...
April 27, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်အုပ်စုဝေါလေဗျူဟာစခန်းကို...
Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...