ရခိုင်တပြည်လုံးကို သိမ်းပိုက်နိုင်ရေး အပြင်းထန်ဆုံး ထိုးစစ်ဆင်သွားမည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြော

ရခိုင်တပြည်လုံးကို သိမ်းပိုက်နိုင်ရေး အပြင်းထန်ဆုံး ထိုးစစ်ဆင်သွားမည်ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင် ပြော
AA ၏ စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ (ဓာတ်ပုံ - AA Info Desk)
AA ၏ စစ်သင်တန်းဆင်းပွဲတစ်ခုတွင် တွေ့ရသော ဗိုလ်ချုပ်ထွန်းမြတ်နိုင်။ (ဓာတ်ပုံ - AA Info Desk)

ရခိုင်ပြည်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် အပြင်းထန်ဆုံးနှင့် အမြန်ဆုံး ဆက်လက်ထိုးစစ်ဆင်သွားမည်ဟု ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောကြားလိုက်သည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့တွင် ကျရောက်သည့် ၁၅ နှစ်မြောက် ရက္ခိုင့်တပ်တော်(AA)နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် AA ရဲဘော်များကို ပြောဆိုထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “အာရက္ခအမျိုးသားတော်လှန်ရေးကြီးက မပြီးပြတ်သေးတဲ့အတွက် လက်ရှိရရှိထားတဲ့ ယုံကြည်မှုခွန်အားအရှိန်အဟုန်ကို ဆက်လက်မြှင့်တင်ပြီးတော့ ငါတို့ရည်မှန်းချက်အတိုင်း အပြင်းထန်ဆုံးနဲ့ အလျင်မြန်ဆုံး ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားရမှာဖြစ်တယ်။ ဒါမှသာ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးက မျှော်မှန်းထားတဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲပြင်းထန်နေသည့်မှာ ၅ လနီးပါး ကြာမြင့်လာပြီဖြစ်သည်။ တိုက်ပွဲကာလအတွင်း AA က ပလက်ဝအပါအဝင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။

လက်ရှိတွင်လည်း ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်တို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ရခိုင်နိုင်ငံရေးသမားတစ်ဦးက “AA ရဲ့ ရက္ခိတအိမ်မက်ကို အကောင်အထည်ဖော်နေတဲ့နေရာမှာ ဗိုလ်ချုပ်ကတော့ လာမယ့်နှစ် ၂၀၂၅ ကို ရခိုင်လူထုတွေအတွက် လက်ဆုတ်လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှုတွေ လုပ်ပြမယ်ဆိုပြီး ပြောထားတာတွေ့ရတယ်။ ဒါကြောင့် ရခိုင်ဒေသမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ရှိနေမှာပဲ” ဟု ပြောသည်။

ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်နေ့သို့ AA ၏ မဟာမိတ်အဖွဲ့များအပါအဝင် တော်လှန်ရေးအဖွဲ့အစည်း အများအပြားမှ ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ထားကြသည်။

July 4, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာနှင့် အနီးအနားကို စစ်တပ်က...
July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
July 2, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...