ရက္ခိုင့်တပ်တော်သည် ရခိုင်လူမျိုးများအတွက်သာမက မြန်မာနိုင်ငံရှိ တော်လှန်ရေးအဖွဲ့အစည်း အများစု၏ မီးရှူးတန်ဆောင်ဖြစ်သည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောကြား

ရက္ခိုင့်တပ်တော်သည် ရခိုင်လူမျိုးများအတွက်သာမက မြန်မာနိုင်ငံရှိ တော်လှန်ရေးအဖွဲ့အစည်း အများစု၏ မီးရှူးတန်ဆောင်ဖြစ်သည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောကြား

ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်လူမျိုးများ၏ ဂုဏ်ကိုဖော်ဆောင်နိုင်ခဲ့သည်သာမက မြန်မာနိုင်ငံရှိ တော်လှန်ရေးအဖွဲ့အစည်း အများစု၏ စံပြမီးရှူးတန်ဆောင် ဖြစ်ကြောင်း  မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်တာဝန်ခံ နိုင်နဂါး က နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ဧပြီ ၁၀ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော် (၁၅) နှစ်မြောက် မတိုင်မီ တစ်ရက် အလိုတွင် ရက္ခိုင့်တပ်တော်နှင့် ပတ်သက်ပြီး သူ့အမြင်ကို ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

နိုင်နဂါးက “ရက္ခိုင့်တပ်တော် AA ရဲ့ ဒီနေ့အခြေအနေကို သုံးသပ်ရမယ်ဆိုလို့ရှိရင် ရက္ခိုင့်တပ်တော်ဟာ တော်လှန်ရေးအဖွဲ့အစည်း အများစုရဲ့ မီးရှူးတန်ဆောင် တပ်တစ်တပ်လို့ ပထမအနေနဲ့ ပြောလိုတယ်” ဟု ပြောသည်။

ရက္ခိုင့်တပ်တော်သည် ရခိုင်ပြည်ရှိ အဖိနှိပ်ခံ လူမျိုးပေါင်းစုံ၊  လူတန်းစားပေါင်းစုံတို့ ကို တော်လှန်ရေး အသိ၊ တော်လှန်သည့်  လူမျိုးများအဖြစ် ပြောင်းလဲ ပေးနိုင်ခဲ့ပြီး ရခိုင်လူမျိုးများ၏ ဂုဏ်ကို ဖော်ဆောင်နိုင်ခဲ့ တော်လှန်ရေးတပ်တော်တစ်ခုဖြစ်ကြောင်းလည်း သူကသုံးသပ်သည်။

“ရခိုင် ပြည်သူတွေရဲ့ ဘဝ၊ ရခိုင်ရှိ လူတန်းစားပေါင်းစုံတွေရဲ့ အဖိနှိပ်ခံ ဘဝ ကနေပြီးတော့ တော်လှန်သောလူမျိုး၊  တော်လှန်သော ဘဝအခြေအနေကိုရောက်အောင် ရက္ခိုင့်တပ်တော် AA ကပြောင်းလဲ ပစ်နိုင်ခဲ့တယ်။ ရခိုင်လူမျိုးတွေရဲ့ ဂုဏ်ကိုဖော်ဆောင်နိုင်ခဲ့တယ်။ကမ္ဘာမှာ ရခိုင်ဟေ့လို့  ဒီနေ့ လက်မောင်းတန်းပြီးတော့ ကြွေးကြော်နိုင်ခဲ့တာဟာ ရက္ခိုင့်တပ်တော်ရဲ့စွန့်စားမှု ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ရှိမှု ဉာဏ်ပညာရှိမှုကြောင့်လို့ ဒီနေ့ ပြောချင်ပါတယ်”ဟု  MSRF  ပြောရေးဆိုခွင့်တာဝန်ခံ နိုင်နဂါး ကဆိုသည်။

ရက္ခိုင့်တပ်တော် ( AA)သည် ရခိုင်ပြည်နယ်အတွင်းသာမက ကချင်ပြည်၊ ချင်းပြည်၊ ရှမ်းပြည်မြောက်၊ မကွေးတိုင်း တို့တွင်လည်း စစ်ကောင်စီတပ်အား တခြားတော်လှန်ရေးတပ်ဖွဲ့များနှင့်ပူပေါင်းကာ ထိုးစစ်ဆင်လျက်ရှိသည်။

ရက္ခိုင့်တပ်တော် ( AA) နှင့် စစ်ကောင်စီတပ်တို့သည် မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း မတ်လ ၂၆  ရက်နေ့တွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ကာ ၁၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ရခိုင်ပြည်တွင် တစ်ရက်မျှရပ်နားခြင်းမရှိဘဲ စစ်ကောင်စီတပ်နှင့် နေ့တိုင်း တိုက်ပွဲ ဖြစ်ပွားလျက် ရှိပြီး စစ်ကောင်စီ စခန်းများအား အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း လည်းသိရသည်။

April 29, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ...
April 24, 2024
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း အမှတ်(၁)နယ်ခြားစောင့်ကွပ်ကဲရေးမှူးရုံး အခြေစိုက်ရာ...
April 24, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့တွင်ပိတ်မိနေသည့် အပြစ်မဲ့ပြည်သူများကို လူမျိုးဘာသာမခွဲခြားဘဲ...
April 23, 2024
စစ်‌အာဏာသိမ်းပြီးနောက်  ရခိုင်ပြည်၊ အမ်း- ရိုးမရှိ တောင်စောက် ရေနံနှင့် သဘာ၀ဓာတ်ငွေ့...