တပ်အင်အားဖြည့်ဖို့ ချင်းတောင်ဖက်ကို စစ်ကောင်စီတပ်များ ဆက်တိုက်လာနေ၍ ပြည်သူများသတိဝိရိယရှိရှိသွားလာကြဖို့ CDF – Mindat သတိပေး

တပ်အင်အားဖြည့်ဖို့ ချင်းတောင်ဖက်ကို စစ်ကောင်စီတပ်များ ဆက်တိုက်လာနေ၍ ပြည်သူများသတိဝိရိယရှိရှိသွားလာကြဖို့ CDF – Mindat သတိပေး
Photo by The Mindat Post
Photo by The Mindat Post

ယနေ့ဧပြီလ (၇) ရက်နေ့မှာ ကျောက်ထုတပ်မှ စစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင်မှာ တေးကျေးရွာနဲ့ ပန်းဆန်ကျေးရွာကြား၊ ဒေသအခေါ် ပန်းဆန်နယ်ကုန်းမှာ ရောက်ရှိနေပြီး အနီးတစ်ဝိုက်ကျေးရွာများအနေနဲ့ သတိဝိရိယရှိရှိသွားလာနေထိုင်ဖို့ CDF – Mindat ရဲ့ခိုင်မာတဲ့သတင်းအရင်းအမြစ်က သတိပေးထားကြောင်းသတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ကျောက်ထုကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဘယ်လမ်းကြောင်းဖက်ကနေ ဦးတည်ရောက်ရှိလာမည်ကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။ CDF – Mindat ကဧပြီလ (၇) ရက်နေ့ညနေ၌ပင်ထီးလင်းမြို့လေယာဉ်ကွင်းမှာ ထောက်ပို့လေယာဉ်တစ်စီးက လေထီးနဲ့ပစ္စည်းများချပေးသွားကြောင်း၊ ၎င်းပစ္စည်းများတွင် တိုက်ခိုက်ရေးဗုံးကြဲဒရုန်း (၄) စီး၊ ဗုံးသီးများနဲ့ လက်နက်ခဲယမ်းရိက္ခာများဖြစ်တယ်လို့ သိရတယ်လို့ ဆိုပါတယ်။

မနေ့ကလည်း မင်းတပ်မြို့ပေါ် လျှပ်စစ်ရုံးအကွေ့မှာ ရဲကားနဲ့တိုက်မိတဲ့ ယောထဲဆန်သွားဝယ်ပြီးပြန်လာတဲ့ အသက် ၄၀ အရွယ် ခန့်အမျိုးသားဟာ ညာဖက်ပေါင်ကျိုးပြီး အရေးပေါ်သွေးသွင်းနေရတယ်လို့သိရပါတယ်။

ဧပြီလ (၄) ရက်နေ့ကစပြီး ပခုက္ကူမြို့၊ အမှတ် (၁၀၁) ခြေမြန်တပ်ဌာချုပ်ကနေ ချင်းတောင်ဖက်နဲ့ယောနယ်ဖက်ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီကားတန်းအစီး (၁၀၀) ကျော်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကား (၇) စီးကို သိမ်းယူဖျက်စီးခဲ့တဲ့အပြင် ချင်းတောင်ဖက်ကိုဦးတည်တဲ့ စစ်ယာဉ်တန်းကို ကမ္မမြို့အနီးမှာ စစ်ကောင်စီကားတွေကိုဖျက်စီးနိုင်ခဲ့တယ်လို့ အနောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - WPF က ဧပြီလ (၅)ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

June 4, 2026
စစ်ကောင်စီက စစ်ကြောင်းပြန်ထိုးပြီး တိုက်ပွဲဖြစ်နေတာကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်...
June 3, 2026
လုံခြုံရေးဆောင်ရွက်နိုင်ဖို့ ဆိုကာ တီးတိန်မြို့နယ် လိုင်တွီးရွာ ကနေ အိန္ဒိယ - မြန်မာနယ်စပ်က...
Photo By CJ
June 2, 2026
မင်းတပ်မြို့အောက်ဘက် ၁၀ မိုင်ဝန်းကျင်ခန့်အကွာ ချင်းပြည်နယ်အတွင်းရှိ ထင်ချောင်းရွာထဲသို့ မေလ ၃၀...
June 1, 2026
ကလေးမြို့နယ် ပညာရေးမှူးရုံးမှာ ကျောင်းပညာရေး ပြတ်တောက်သွားခဲ့တဲ့ အသက် ၁၅ နှစ်အောက် ကလေးများ...