နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

နေပြည်တော်စစ်ရုံးချုပ်နဲ့ အေလာလေတပ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်
ဓာတ်ပုံ - MOD
ဓာတ်ပုံ - MOD

နေပြည်တော်အခြေစိုက် စစ်ကောင်စီ စစ်ရုံးချုပ်(ကက-ကြည်း)တည်ရှိရာ နေပြည်တော်နဲ့ အေလာလေတပ်ကို ဒရုန်းတွေနဲ့ တပြိုင်နက်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်မှုတွေရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကာမီကာဇေ ဒရုန်းတွေကို အသုံးပြု ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“လက်တလောထိခိုက်မှုတွေရှိတယ်လို့တော့ ပြောလို့ရပါတယ်။ ဘယ်လောက်ထိခိုက်မှုရှိတယ်ဆို တာကိုတော့ ပြောလို့မရသေးပါဘူး။ ရှေ့လုပ်ငန်းစဉ်တွေရှိသေးလို့ပါ” လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ စစ်ရုံးချုပ်ကို PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone တပ်ခွဲက စစ်ရုံးချုပ်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် PDF အထူးတပ်ဖွဲ့တွေနဲ့ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Leather Weapon တပ်ခွဲက အေလာလေတပ်ကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...