မော်လမြိုင်မှာ စစ်ကောင်စီလုံခြုံရေးတိုးမြှင့်

မော်လမြိုင်မှာ စစ်ကောင်စီလုံခြုံရေးတိုးမြှင့်

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တစ်ရက်တည်း နှစ်ကြိမ် ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင် စီက မြို့တွင်းလုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မတ် ၂၄ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်မှာ မော်လမြိုင်လေဆိပ်ကို တော်လှန်ရေးအင်အားစုအဖွဲ့ တွေက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း လေဆိပ်ပြေးလမ်း အနည်းငယ်ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အဆောက်အဦးထိခိုက်ပျက်စီးတာ မရှိဘူးလို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက သိရပါတယ်။

အဲဒီနေ့မှာပဲ မော်လမြိုင်မြို့ မင်းရွာကျေးရွာမှာ စစ်ကောင်စီ တည်ဆောက်နေတဲ့ တိုင်းရင်းသားယဉ် ကျေးမှု စင်တာဝင်းအတွင်း မော်တာတပ်လက်လုပ် ဒရုန်းလေယာဉ်ငယ်တစ်စီးနဲ့ ထပ်မံတိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီက မြို့အတွင်း လုံခြုံရေးတင်းကျပ်ပြီး အင်အားပြလှည့် လည်တာ၊ ပိတ်ဆို့ရှာဖွေတာတွေနဲ့  ဧည့်စာရင်းစစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ မော်လမြိုင်မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မနေ့က သူတို့မြို့တစ်မြို့လုံး ယောက်ယက်ခတ်နေတော့ လုံခြုံရေးတွေ တအားပိုလာတယ်။ စစ် တပ်ရော၊ ရဲရော၊ ပျူစောထီးတွေရော၊ ပျူစောထီးတွေက အခုယူနီဖောင်းနဲ့ပေါ့။ လုံခြုံရေးတွေက မနေ့တုန်းက လုံခြုံရေးတွေ တအားတိုးထားသလို ညတုန်းကဆိုရင်လည်း လုံခြုံရေးလည်းတိုးသ လို သူတို့မထင်မှတ်တဲ့ ရပ်ကွက်တွေကို ဧည့်စာရင်းတွေလည်းစစ်တယ်”လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပြပါတယ်။

မြို့ခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီဟာ မွန်ပြည်နယ်ခန်းမနေရာ၊ မန္တလေးရပ်ကွက်ရှိ EPC ရုံးအနီး၊ ကျိုက်သလ္လံဘုရားကုန်း၊ ညောင်ပင်ဆိပ်ကမ်းနဖူးနေရာတွေနဲ့ မြို့အဝင်အထွက် နေရာတွေမှာပါ လုံခြုံရေးထပ်တိုးထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လမ်းဆုံလမ်းခွတွေနဲ့ မထင်မှတ်တဲ့ နေရာတွေမှာ စစ်ဆေးမှုတွေ ဆက် တိုက်လုပ်ဆောင်လာသလို အရပ်ဝတ်တွေနဲ့ ကင်းလှည့်တာအပြင် မြို့တွင်းကင်းပုန်းဝပ်တာတွေ ရှိလာတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်နဲ့ ဝန်ကြီးများအိမ်ရာ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ မော်လမြိုင်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နိုင်တယ်ဆိုတဲ့ သတင်းတွေကြောင့် တပ်တွင်းမှာလည်း တပ်လှန့်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-CJ

Most read this week

December 16, 2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့...
December 15, 2025
အာဏာသိမ်း စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေး‌ကောက်ပွဲကနေ ပေါ်လာမယ့်...
December 10, 2025
KNU ကော်သူးလေနယ်မြေထဲက လူထုအဆောက်အဦးတွေအပေါ် စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ...
December 9, 2025
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ကျယ်ပြန့်လာနေချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်...