မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသားနယ်ခြားစောင့်စခန်းမှ တပ်သား ၉၀ ကျော်လက်နက်ချ

မောင်တောမြို့နယ် မြောက်ပိုင်း တမန်းသားနယ်ခြားစောင့်စခန်းမှ တပ်သား ၉၀ ကျော်လက်နက်ချ

(ထွက်ပြေးသူ တပ်ဖွဲ့ဝင် ၄၀ ကျော်အထဲမှ ၂၉ ဦးကို အရှင်ဖမ်းမိ)

ရက္ခိုင့်တပ်တော် ( AA)မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စခန်းများအထဲက တမန်းသား နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၉၀ ကျော်သည် ရက္ခိုင့်တပ်တော်ထံ လက်နက်ချခဲ့သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရသည်။

လက်ရှိတွင် ၎င်းစခန်းအား ရက္ခိုင့်တပ်တော်က အောင်မြင်စွာ သိမ်းပိုက်လိုက်ပြီဟု ဆိုသည်။

၎င်းစခန်းမှ လက်နက်များနှင့် အတူ ထွက်ပြေးသွားသည့် စခန်းတာ၀ခန်ခံဦးဆောင်သော တပ်ဖွဲ့ဝင် ၄၀ ကျော်အား ရက္ခိုင့်တပ်တော်က ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ရာ ၂၉ ဦးကို အရှင်ဖမ်းမိပြီး ကျန်လူများမှာ ချေမှုန်းခံခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။

“တမန်းသားစခန်းက တပ်ဖွဲ့ဝင် ၉၀ ကျော် မတ်လ ၂၅ ရက် နေ့လယ် ၁၂ ကျော်အချိန်မှာ လက်နက် ချပါတယ်။ စခန်းက ထွက်ပြေးတဲ့ စခန်းမှူးအပါအဝင် ၄၀ ကျော်ကို တပ်တော်က လောင်းပုတ်နားမှာ ဝိုင်းဝန်းတိုက်ခိုက်တော့ ၂၉ ဦး အရှင်ဖမ်းမိပါတယ်။ ကျန်တဲ့လူတွေကတော့ သေဆုံးကုန်တယ်လို့ ကြားရပါတယ်” ဟု ပြောသည်။

တမန်းသားတွင် တမန်းသားအရှေ့ရခိုင်ရွာ၌ အိမ်ခြေ ၂၀ နှင့် တမန်းသားအနောက်ရခိုင်ရွာတွင် အိမ်ခြေ ၄၀ ခန့်ရှိပြီး ၎င်းကျေးရွာသည် မောင်တောမြောက်ပိုင်း ကြိမ်ချောင်းမှ (၉) မိုင်ခန့် အကွာတွင်တည်ရှိသည်။    ရွာသားများမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက ရွာကိုစွန့်ခွာ ထွက်ပြေးခဲ့ကြသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်၏ မတ် ၂၄ ရက်နေ့ထုတ်ပြန်ချက်ထဲတွင်လည်း  မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသား စခန်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ၎င်းစခန်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား လိုက်လံရှင်းလင်းလျက်ရှိပြီး ထွက်ပြေးနေသော ရန်သူများအား ချေမှုန်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း (၂၀) ကျော်၊ လက်နက်ခဲယမ်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ  ရန်အောင်မြင်စခန်းအား ၂၀၂၄ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ရယူထားပြီး စစ်ကောင်စီ အလောင်း၊ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း အချို့အား သိမ်းဆည်းရမိခဲ့သည်။

၎င်းရန်အောင်မြင် စခန်းသည် ကြိမ်ချောင်းအနောက်ဘက်တွင် တည်ရှိပြီး လက်ရှိတွင် ကြိမ်ချောင်းစခန်းအားလည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိ နေရာ အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  ( ဓာတ်ပုံ- ပုံဟောင်းသာဖြစ်ပါသည်)

စစ်အုပ်စုတပ်သားအချို့ / AFP
September 8, 2026
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’ ကို အားကျပြီး အတုယူပြုလုပ်သော စစ်အုပ်စုတပ်၏ ‘၄၉၂၆...
ဓာတ်ပုံ - (AA / Crd)
September 7, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် အစပ်ရှိ နေရာအချို့ကို စက်တင်ဘာလ ၇ ရက် ယနေ့...
September 5, 2026
ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်၊ စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့တွင် တိုက်ပွဲများ...
ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...