တောင်ကြီးမြို့ တိုက်ခိုက်ခံရမည်ဟု သတင်းထွက်၊ အရပ်ဘက် ပစ်မှတ်များ ဗုံးကြဲရှင်းလင်းရန် ဒုချုပ်စိုးဝင်း အမိန့်ပေး

တောင်ကြီးမြို့ တိုက်ခိုက်ခံရမည်ဟု သတင်းထွက်၊ အရပ်ဘက် ပစ်မှတ်များ ဗုံးကြဲရှင်းလင်းရန် ဒုချုပ်စိုးဝင်း အမိန့်ပေး

သျှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရန် စုဖွဲ့ ပြင်ဆင်နေသည့် ဆိုသည့် စစ်ထောက်လှမ်းရေး အစီရင်ခံစာကြောင့် အရပ်ဘက် စစ်ဘက် မခွဲခြားဘဲ ပစ်မှတ်အားလုံး ဗုံးကြဲ ရှင်းလင်းရန် စစ်ကောင်စီ ဒုဥက္ကဌ ဒုဗိုလ်ချုပ်မှူး စိုးဝင်း အမိန့်ပေးသွားသည်ဟု တပ်တွင်း သတင်းရင်းမြစ်က ယနေ့ (မတ်လ ၂၅ ရက်) တွင်ပြောသည်။

တောင်ကြီးမြို့ တိုက်ခိုက်ခံရဖွယ်ရှိသည်ဆိုသည့် အစီရင်ခံစာကြောင့် ဒုချုပ်စိုးဝင်း မတ်လ ၁၉ ရက်နေ့က ကလောမြို့ အခြေစိုက် တပ်မ (၅၅) သို့ ရုတ်တရက် ရောက်ရှိလာပြီး စစ်ပွဲဇုန် အဖြစ် သတ်မှတ်ထားသည့် ဖယ်ခုံ၊ ပင်လောင်း၊ ဆီဆိုင်၊ ဟိုပုံးနှင့် မိုင်းပွန်မြို့နယ်ရှိ အရပ်ဘက် စစ်ဘက် ပစ်မှတ်များ အားလုံး ရှင်းလင်း တိုက်ခိုက်ရန် တပ်မှူးများကို ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု ၄င်းကဆိုသည်။

“၁၉ ရက်နေ့ညက ကလော တပ်မ (၅၅) မှာပဲ ညအိပ်သွားတယ်။ တောင်ကြီး ပတ်ဝန်းကျင်ကို ကပ်လို့မရအောင် လေကြောင်းက ဗုံးကြဲ၊ ကြည်းကြောင်းက လက်နက်ကြီးတွေ သုံးပြီး ပစ်ရှင်းလင်းဖို့၊ အရပ်ဘက် ပစ်မှတ်တွေမှာ ခိုအောင်းတာတွေ မရှိဖို့၊ လိုအပ်ရင် အပြောင်ရှင်းဖို့ အသေးစိတ် ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်” ဟု စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

ဒုချုပ် စိုးဝင်း ၏ တရားဝင် ထုတ်ပြန်ခြင်းမရှိသည့် ကလော ခရီးစဥ်အပြီး ဒေသတွင်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာရာ ဖယ်ခုံမြို့နယ်၊ လအိဆေးရုံကို မတ် ၂၂ မနက် ၁၀ နာရီ ကျော်က ဗုံး ကြဲ တိုက်ခိုက်၍ ဆေးရုံပျက်စီးပြီး ဒေသခံ တစ်ချို့ သေဆုံး ထိုက်ခိုက်ခဲ့သည်။

ထို့အပြင် ပင်လောင်းမြို့နယ်၊ နန်းတုတ်ရွာကို တိုက်ပွဲ မရှိဘဲ မတ်လ ၂၂ ရက်နေ့၊ ညသန်းခေါင် စစ်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲခဲ့သဖြင့် ကျေးရွာရှိ နေအိမ် ၅ လုံးနှင့် ဆေးပေးခန်း တစ်ခု ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ နန်းတုတ်ကျေးရွာကို မတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီက စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်က ဒေသခံများ နေထိုင်ရာ ဒေသများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ မကြာမီ ပိုမို ဆိုးရွားလာဖွယ် ရှိနေသဖြင့် သတိပြု နေထိုင်ကြရန် စစ်ရေးသတင်းရင်းမြစ်က သတိပေးသည်။

လက်ရှိ စစ်ကောင်စီတပ်သည် တောင်ကြီးမြို့ ပတ်ဝန်းကျင် ဒေသများတွင် တပ်ဖြန့်ထားသည့် နည်းတူ ပင်လုံ၊ လွိုင်လင် ဒေသများတွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း သိရသည်။

Most read this week

August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍...
August 19, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် အထိုင်ချ တပ်စွဲထားသည့်...
ဓာတ်ပုံ - (မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရရှိသွားသည့် အမျိုးသား / Crd)
August 18, 2026
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)...
ဓါတ်ပုံ - နမ့်ခမ်းမြို့နယ်ဆိုင်းဘုတ်နှင့် TNLA တပ်ဖွဲ့ဝင်အချို့
August 18, 2026
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “...