ပင်လောင်းတိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Danu PDF ပူးပေါင်းပါဝင်တိုက်ခိုက်နေ

ပင်လောင်းတိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Danu PDF ပူးပေါင်းပါဝင်တိုက်ခိုက်နေ

သျှမ်းပြည် ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF မှပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် KNDF တပ်ရင်း ၁၁ အပါအဝင် (၁၁၁၁) မိုးဗြဲ-ဖယ်ခုံမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် ဓနုပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ရင်း ၁၀၀၃ တို့ပူးပေါင်းပြီး ပင်လောင်းမြို့နယ် နမ့်ဖာမှု၊ နောင်ဝိုးနှင့် ဗန်းမောက်ကျေးရွာများတလျှောက်မှာ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်ဖွဲ့များကိုခုခံ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း Danu PDF ကမတ်လ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ Danu PDF တပ်ရင်း ၁၀၀၃ ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလောအခြေအနေအကြောင်းကြောင့် ဖြေကြားခွင့်မရှိသေးကြောင်း ဆိုသည်။

လက်ရှိတွင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် မဟာမိတ်ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။

“စစ်ကောင်စီနဲ့ PNO ဘက်က အကျအရှုံးများသလို ကျနော်တို့ PDF တပ်ဖွဲ့များဘက်ကလည်း ထိကြတယ်” ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၈ ရက်တွင် ဆောင်းပြောင်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်ဖွဲ့ဝင် ၃၀ ဦးက ထိခိုက်ဒဏ်ရာများစွာနှင့် ကန်တာ(Canter)ကား ၂ စီးဖြင့်သယ်ကာ ပင်လောင်းမြို့ကို ဖြတ်၍ ကုသရန်သယ်ဆောင်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် မဟာမိတ်ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များ ပူးပေါင်းပြီး ကရင်နီ (ကယား) ပြည်အတွင်းသို့ စစ်ကြောင်းထိုးရန် ကြိုးစားနေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တပ်ဖွဲ့များအား စဉ်ဆက်မပြတ် ခုခံတော်လှန် ပြန်လည်ကာကွယ်မည်ဟု အသိပေးထားသည်။

April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...
April 27, 2026
စိုင်းဆိုင်အိုက်  —သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)...
April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...