ပြာပုံဘဝရောက်သွားတဲ့ ကန်စောက်စစ်ရှောင်စခန်း (ဓာတ်ပုံသတင်း)

ပြာပုံဘဝရောက်သွားတဲ့ ကန်စောက်စစ်ရှောင်စခန်း (ဓာတ်ပုံသတင်း)

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာ၌ မီးလောင်ပြာကျ ပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်း၊ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့ကို ယခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် တွေ့မြင်ရခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၃ ရက်က ကန်စောက်ကျေးရွာအနီးရှိ ခမရ ၅၃၉ တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းရှိ နေအိမ် (၅၃) လုံးရှိသည့် စစ်ဘေးရှောင်စခန်းတစ်ခုလုံးမှာ မီးလောင်ပြာကျသွားခဲ့ရသည်။

ယင်းအပြင် အသက် ၃၀ ကျော်အရွယ် သံဃာတစ်ပါးမှာ လက်နက်ကျည်စထိမှန်ကာ ပျံလွန်တော်မူသွားပြီး ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတို့မှ ခေါင်မိုးများမှာလည်း ပွင့်ထွက်ထိခိုက်ပျက်စီးသွားသည်။ ကျေးရွာအတွင်းရှိ နေအိမ် ၅ လုံးလည်း မီးလောင်ပြာကျသွားကာ အခြားနေအိမ်များနှင့် စာသင်ကျောင်းများမှာလည်း အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့သည်။

လက်ရှိ၌ စစ်ဘေးရှောင်များမှာ မိသားစု စားဝတ်နေရေး ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီအထောက်အပံ့များ လိုအပ်လျက်ရှိနေသည်။

၅၃၉ တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိခဲ့ပြီး လက်ရှိတွင် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီကင်းစင်သည့်နယ်မြေအဖြစ် ရက္ခိုင့်တပ်တော်(AA)က ကြေညာထားပြီး ဖြစ်သည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...