စစ်ကောင်စီ၏ နိုင်ငံရေး ဝှက်ဖဲနောက်တွင် မမျောပါရန် NUG ယာယီ သမ္မတ သတိပေး

စစ်ကောင်စီ၏ နိုင်ငံရေး ဝှက်ဖဲနောက်တွင် မမျောပါရန် NUG ယာယီ သမ္မတ သတိပေး

စစ်ကောင်စီ၏ နိုင်ငံရေးဝှက်ဖဲများ နောက်တွင် မျှောပါမသွားဘဲ လုပ်စရာရှိသည့် အလုပ်ကို ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန် အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလ က တိုက်တွန်းပြောဆို လိုက်သည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG က မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့်  ၁၀ / ၂၀၂၄ အစိုးရ အဖွဲ့အစည်း အဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက်စစ်ကောင်စီက ထုတ်သုံးတဲ့ နိုင်ငံရေးဝှက်ဖဲတွေ နောက်မှာ မျောမသွားဘဲ၊ ကျနော်တို့အနေနဲ့ ကောက်ပင်ရိတ်လှီးသလို၊ တိခနဲ ဖြတ်ချရမယ့် တန်ပြန်မှုတွေကို အမြော်အမြင် ရှိရှိ၊ ပြတ်ပြတ်သားသား လုပ် ဖို့ပဲ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး လုပ်နေတဲ့ကိစ္စမှာလည်း စစ် ရေးကိစ္စ တစ်ဝက်၊ နိုင်ငံရေးကိစ္စ တစ်ဝက်ရောပြီး ခြေလှမ်းစတင် နေတာတွေ့ရပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို တန်ပြန် တော်လှန်တဲ့အခါမှာ နိုင်ငံရေးအရ လုပ်ဆောင်ရမှာတွေ ရှိသလို၊ စစ်ရေးအရ လုပ်ဆောင်ရမှာတွေ လည်း ရှိနိုင်ပါတယ်။”

NUG နှင့် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းများ အားလုံးသည် လက်နက်ကိုင် တော်လှန်ရေးနှင့် လူထု တိုက် ပွဲကို ပေါင်းစပ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးကို ကြိုးစားသည့် နေရာ၌ ခုခံတော်လှန်မှု အဆင့်လောက်နှင့် သာ တင်းတိမ်နေ၍ မရဘဲ စစ်ရေးရလဒ် ထွက်အောင် လုပ်ဆောင်ကြရန် အထူးလိုအပ်သည်ဟု NUG ယာယီ သမ္မတ က ပြောသည်။

အခြားတစ်ဖက်၌လည်း နွေဦးတော်လှန်ရေး ကာလအတွင်း တွေ့ရသည့် ခုခံတော်လှန်စစ် တိုက်ပွဲများနှင့် တိုင်း ရင်းသား လွတ်မြောက်ရေး တိုက်ပွဲများကို ခြုံကြည့်မည်ဆိုပါက စစ်ရေးရလဒ်နှင့် တော်လှန်ရေး ရလဒ်များ ထပ် တူကျသည့် တိုက်ပွဲများ ရှိသည်ဟု ဒူဝါလရှီးလက ဆိုသည်။

စနစ်တကျ ကြိုတင်ပြင်ဆင်မှုနှင့် ဗဟိုကွပ်ကဲမှု ကောင်းမွန်သည့် ဒေသများတွင် တော်လှန်ရေးရလဒ် ကောင်း များကို တွေ့မြင်ခဲ့ရသကဲ့သို့ စစ်ရေးရလဒ်ကောင်းများကိုလည်း ထပ်တူထပ်မျှ တွေ့ခဲ့ရသည်ဟု NUG ယာယီ သမ္မတ က ပြောသည်။

ထို့ကြောင့် စစ်ရေးကို စစ်ရေးကဲ့သို့ ပီပီပြင်ပြင် စဉ်းစားလုပ်ဆောင်ရန် လိုသည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ဆိုသည်။

“အကြမ်းဖက်စစ်ကောင်စီကို အနားပေးလို့ လုံးဝမရဘူးလို့ ပြောချင်ပါတယ်။ အခုဆိုရင် စစ်ကောင်စီက အနား တောင်းဖို့၊ ကြိုးစားနေတဲ့ကိစ္စတွေကို တွေ့မြင်ရပါတယ်။ ကျနော်တို့ဟာ သံပူတုန်း နာနာနှက်ရမယ်လို့ ပြော ချင်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်ရေးလှိုင်းတွေနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန် ရေးလှိုင်းတွေဟာ တိုက်ရိုက်ချက်ကြိုးသွယ်ထားနိုင်တဲ့ အခြေအနေကို ရောက်ပြီ ဖြစ်ပါတယ်။”

ထိုသို့ လုပ်ဆောင်ရာ၌ ပြည်သူလူထုကို ထိခိုက်စေမည့် ဘေးထွက်ဆိုးကျိုးကို ကြိုတင်တွက်ဆထားရန် လိုအပ် သည့်အပြင် စစ်ရေး၊ နိုင်ငံရေး သတိရှိရန်လည်း လိုသည်ဟု NUG ယာယီ သမ္မတက ပြောသည်။

“နွေဦးတော်လှန်ရေးနဲ့ တိုင်းရင်းသား လွတ်မြောက်မှု တော်လှန်ရေးတွေဟာ တစ်သားတည်း/ တစ်ထပ်တည်း ဖြစ်လာတာကို တွေ့ရပါတယ်။ ဒီလို အခြေအနေမျိုးမှာ၊ ကျနော်တို့ဟာ နိုင်ငံရေး သတိ လက်လွတ် ပြောဆို၊ လုပ် ဆောင်တာမျိုးတွေကို သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်” ဟု ပြောသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အရေးကြီးသည့် အခြေခံ အုတ်မြစ်များကို ခိုင်ခိုင်မာမာ တည်ဆောက်ထားရန်နှင့် တော်လှန်ရေး အလွန် ကာလရောက်မှ တည် ဆောက်ရေးအတွက် ဆိုင်းပြင်းမှုမျိုး မဖြစ်စေဘဲ၊ ယခုကတည်းက ကိုယ်စီ ကြိုတင် တည်ဆောက် ဖြည့်တင်း ထားရန် အလေးအနက်ထား တိုက်တွန်းသည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောသည်။

Most read this week

April 20, 2024
ကရင်နီပြည်ရှိ စစ်ရှောင်စခန်းများတွင် အချိန်ခါ မဟုတ် မိုးရွာသွန်းမှုကြောင့် နေအိမ်အမိုးအကာများ...
April 6, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး...
April 4, 2024
ရှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့ လေဆိပ်တွင် လေယာဉ် လိုက်ပါစီးနင်းမည့် ခရီးသည်များအား...
April 3, 2024
ရှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်ထဲက ကျေးရွာတစ်ရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့ က ၃...