မကွေးတိုင်း ဆောမြို့နယ် အတွင်း စစ်အုပ်စုတပ်က ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထား

မကွေးတိုင်း ဆောမြို့နယ် အတွင်း စစ်အုပ်စုတပ်က ဒေသခံ ၂၀ ကျော်ကို ဖမ်းဆီးထား

မကွေးတိုင်း၊ ယောဒေသ ဆောမြို့နယ်၊ သီးကုန်းကျေးရွာအတွင်းသို့ စစ်အုပ်စုတပ် စစ်ကြောင်း ရုတ်တရက် ဝင်ရောက်တပ်စွဲကာ ဖမ်းဆီးထားသည့် ဒေသခံ အရပ်သား ၂၀ ကျော်ကို လက်ရှိအချိန်အထိ လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဆက်လက် ထိန်းသိမ်းထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းသည် ဩဂုတ်လ ၃၀ ရက် နံနက်ပိုင်းတွင် မင်းလယ်ကျေးရွာ ဘက်မှ သီးကုန်းရွာအတွင်းသို့ တိတ်တဆိတ် ရုတ်တရက် ဝင်ရောက်လာခြင်းဖြစ်ပြီး လမ်းခရီးတွင် တွေ့ရှိသည့် ဒေသခံများကို ဆက်တိုက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အရပ်သားများကို စက်တင်ဘာလ ၄ ရက်နေ့အထိ ၆ ရက်ကြာသည့် တိုင် ပြန်မလွတ်သေးဘဲ လူသားဒိုင်းနှင့် ဓားစာခံအဖြစ် ဆက်လက် ထိန်းသိမ်းထားကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။

ယောဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “စစ်ကြောင်းက မင်းလယ်ရွာဘက်က တိတ်တဆိတ် ရုတ်တရက် ဝင်ရောက်လာပြီး လမ်းခရီးမှာ တွေ့တဲ့ အရပ်သားတွေကို ဆက်တိုက် ဖမ်းသွားတာ။ အခု ၂ ယောက်ပဲ ပြန်လွတ် သေးတယ်။ အများစုက မလွတ်ဘူး။ သူတို့အတွက် ထမင်းချက်ခိုင်းတာနဲ့ ခိုင်းတာတွေ လုပ်ပေးနေရတယ်။ ရွာအနီးဝန်းကျင်မှာလည်း တပ်ဖြန့်ထားတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူများအနက် ၂ ဦးသာ ပြန်လည် လွတ်မြောက်လာသေးပြီး ကျန်သူများကို စက်တင်ဘာလ ၃ ရက်နေ့အထိ ရွာအတွင်း တပ်စွဲထားရင်း ဓားစာခံအဖြစ် ခိုင်းစေထားခြင်း ဖြစ်သည်။

ထို့ပြင် စစ်အုပ်စုသည် ဆောမြို့ပေါ်တွင် သွားလာလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိပြီး မြို့တောင်ဘက်ရှိ ရင်းခေါ် ကျေးရွာနှင့် မင်းလယ်ကျေးရွာတို့သို့ တပ်ဖွဲ့ဝင်များ ထပ်မံ စေလွှတ်ထားသည်ဟု ဆိုသည်။

အဆိုပါ ရင်းခေါ်ကျေးရွာ၌ စစ်အုပ်စု၏ ဒရုန်းတပ်ဖွဲ့ တပ်စွဲထားခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် သီးကုန်းကျေးရွာ ဘက်သို့ ခရီးဆက်လာခြင်း ဖြစ်သည်။

စစ်အုပ်စုတပ်အနေဖြင့် ယခုကဲ့သို့ အင်အားဖြည့်တင်း စေလွှတ်နေခြင်းမှာ ဆော-ရင်းခေါ်-မင်းလယ်-သီးကုန်း လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး သီးကုန်းကျေးရွာတွင် ရောက်ရှိနေသည့် စစ်ကြောင်းသည် ထိုရွာ၌ အထိုင်ချ တပ်စွဲမည့် အခြေအနေရှိကြောင်း ဒေသခံများက သုံးသပ်ပြောဆိုနေကြ သည်။

လက်ရှိတွင် ဆော-သီးကုန်း-လောင်းရှည် လမ်းပိုင်း၌ စစ်အုပ်စုတပ်နှင့် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကြား စစ်ရေး တင်းမာလျက်ရှိသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် အသွားအလာ အနေအထိုင်များကို အထူး သတိထားကြရန် တော်လှန်ရေးအဖွဲ့များက ကြိုတင် သတိပေးထားသည်။

September 4, 2026
ရခိုင်ပြည်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့၏ ကမ်းခြေတစ်လျှောက်တွင် စစ်အုပ်စုတပ်က...
September 4, 2026
မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ ရေယာဉ်...
မြန်မာနိုင်ငံ လူမှုကယ်ရေးအဖွဲ့ - မန္တလေး / ရေနစ်သေဆုံးသူများ၏ ရုပ်အလောင်း
September 3, 2026
ဧရာဝတီတိုင်းအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ပြင်းထန်နေချိန် ငါးသိုင်းချောင်း-အိုင်သပြု...
ပုံဟောင်း / ချောင်းဦးမြို့နယ်ထဲက ကျီးကုန်းရွာရှိ နေအိမ်များ မီးရှို့ခံရစဉ်
September 3, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ကြောင်းထိုး...