ပင်လောင်းမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

ပင်လောင်းမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီ လေကြောင်းသုံးတိုက်ခိုက်

သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းသုံးတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် ဗန်းမောက်၊ နမ့်ဖာမှု၊ နောင်ဝိုးနှင့် အနီးတဝိုက်ကျေးရွာတွင် မတ်လ ၁၀ ရက်ကတည်းကစပြီး PDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားလာရာ ယနေ့အချိန်ထိ တိုက်ပွဲပြင်းထန်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တိုက်ပွဲကတော့ ဆက်လက်ဖြစ်နေသေးတယ်။ အခုရက်ပိုင်းမှာတော့ ပြင်းထန်တဲ့အနေအထားမှာရှိတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒရုန်း၊ လေယာဉ်တွေနဲ့ ကြဲတယ်။ နှစ်ဖက်တပ်ဖွဲ့ အထိအခိုက် ရှိတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့ဘက်မှ တပ်သား ၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက အရှင်ဖမ်းဆီးရမိထားကြောင်း သိရသည်။

ထို့အပြင် အရပ်သားနေအိမ်၊ အဆောက်အအုံ၊ ကျောင်းဆောင်များလည်း ထိခိုက်ပျက်စီးမှုများရှိပြီး  အသေးစိတ်ကို မသိရှိရသေးကြောင်း ဆိုသည်။

ယင်းတိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် ဗန်းမောက်၊ နမ့်ဖာမှု၊ နောင်ဝိုး၊ ကုန်းပေါ၊ ကားရာ စသည့် ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး ပင်လောင်းမြို့ပေါ်ရှိ မိတ်ဆွေ၊ ဆွေမျိုး နေအိမ်နှင့် ဘုန်းကြီးကျောင်း တွင် လာရောက်ခိုလှုံနေကြသည်။

ဓါတ်ပုံ - ဟိုပုံးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဒီဂေါလ်
August 21, 2026
သျှမ်းပြည်အတွင်း စစ်ရေးပဋိပက္ခများနှင့် စီးပွားရေး ကျပ်တည်းမှုများကြောင့် ယခု ၂၀၂၆-၂၀၂၇...
(တာချီလိတ် - မယ်ဆိုင် ချစ်ကြည်ရေးအမှတ် ၁ တံတား နယ်စပ်ဂိတ် မြင်ကွင်း။)
August 21, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့်...
August 20, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က...
ဓာတ်ပုံ - (သျှမ်းတောင်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် / Crd)
August 20, 2026
စစ်အုပ်စုတပ်၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်...