မြဝတီမြို့မကျရေး စစ်ကောင်စီ လေယာဉ်နဲ့အဆက်မပြတ် စစ်ကူပို့ဆောင်နေ

မြဝတီမြို့မကျရေး စစ်ကောင်စီ လေယာဉ်နဲ့အဆက်မပြတ် စစ်ကူပို့ဆောင်နေ
ဓာတ်ပုံ-EPA
ဓာတ်ပုံ-EPA

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့မကျရေးအတွက် စစ်ကောင်စီတပ်ကနေ လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်ထားသလို လေယာဉ်နဲ့အဆက်မပြတ် စစ်ကူပို့ဆောင်နေတယ်လို့ စစ်မြေပြင်သတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မြဝတီမြို့အဝင် သင်္ဃန်းညီနောင်ဒေသမှာ ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ် မြောက်ရေးတပ်တော် KNLA အပါအဝင်မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေတာပါ။

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ် ခမရ ၃၅၅ နဲ့ နယ်မြေရဲစခန်းတို့ကို  KNLA တော်လှန်ရေးအင်အားစုအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဟာ ခမရ ၃၅၇ တပ်ရင်းနဲ့ မြဝတီအ ခြေချစစ်ဗျူဟာတို့ကို ဆက်လက်တိုက်ခိုက်နေသလို စစ်ကောင်စီကနေ လေကြောင်းအပြင်းအ ထန် တိုက်ခိုက်မှုအပါအဝင် တပ်အင်အားဖြည့်ဆည်းတာတွေ လုပ်ဆောင်တာပါ။

စစ်ကောင်စီတပ်ဟာ မြဝတီမြို့ မကျရေးအတွက် ကျိုက်ထိုမြို့နယ်အခြေစိုက် တပ်မ ၄၄ နဲ့ ဘားအံမြို့နယ်အခြေစိုက် တပ်မ ၂၂ လက်အောက်ခံတပ်ရင်းတွေက ထုတ်နုတ်အင်အားတွေကို မြဝတီမြို့ထံ လေယာဉ်နဲ့အဆက်မပြတ် စစ်ကူပို့ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

သင်္ဃန်းညီနောင်တိုက်ပွဲအတွင်း မတ် ၁၁ ရက်နေ့ ညနေပိုင်းကလည်း မြဝတီမြို့ တောင်ဘက် ၈ မိုင်ခန့်အကွာရှိတဲ့ စစ်ကောင်စီရဲ့ ဖလူးစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ရရှိထားတာ ဖြစ်ပါတယ်။

ဖလူးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအဖမ်းခံတာတွေ ရှိနေသလို တချို့ ကတော့ ထိုင်းဘက်ကို ထွက်ပြေးသွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ဟာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့အတွက် စစ်ကောင်စီက မြို့မကျရေးအတွက် အတွဲလိုက်ဒုံးတွေအပြင် လေကြောင်းနဲ့ အပြင်းအထန် ခုခံနေတာ ဖြစ်ပါတယ်။

February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...
January 31, 2026
မြန်မာနိုင်ငံမှာ အာဏာသိမ်း ငါးနှစ်အတွင်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့...
ဓာတ်ပုံ-CJ
January 30, 2026
ကရင်ပြည်နယ် စစ်ဆင်ရေးအတွက် စစ်ကော်မရှင်တပ်ဘက်က သံချပ်ကာကားတွေအပါအဝင် စစ်လက်နက်အပြည့်အစုံ၊...