ညောင်လေးပင်ခရိုင်တွင် စစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၂၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးရ

ညောင်လေးပင်ခရိုင်တွင် စစ်ကြောင်းဝင်လာလို့ ရွာပေါင်း ၂၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးရ
ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ် စစ် ကြောင်းထိုးဝင်ရောက်တာကြောင့် ရွာပေါင်း ၂၀ ကျော် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၉ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ဟာ နတ်သံကွင်းမှ တဆင့် ဒရုန်းနဲ့ လက်နက်ကြီး အမြောက်အမြားအသုံးပြုပြီး အုန်းပင်စုကျေးရွာထဲ စစ်ကြောင်းထိုးဝင်ရောက်တာခဲ့တာပါ။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် သပြေကုန်း၊  ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ အုန်းပင်စု၊ ဥသျှစ်ကုန်း၊ ဝက်တူ၊ အညာစု၊ ငနွားဆိပ်၊ရင်းတိုက်ကုန်း၊နောင်ကုန်းအပါအဝင် ကျေးရွာ ၂၂ ရွာက ဒေသခံပြည်သူလူထုတွေ ဘေးလွတ်ရာ တိမ်းရှာင်နေရတာပါ။

အဲဒီနေ့ ည ၇ နာရီအချိန်ခန့်မှာလည်း ကွင်းချောင်းဝကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးကျည် ၁၃ လုံးပစ်ခတ်မှုကြောင့် ရေလဲ(အနောက်)၊ ဝက်တူး(အနောက်)နဲ့ သင်္ကန်းကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာက ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရတာပါ။

ဒါ့အပြင် မတ် ၁၀ ရက်နေ့က နတ်သံကွင်းရှိ စစ်ကောင်စီတပ်ကနေ ဒရုန်းတွေနဲ့ ရင်တိုက်ကုန်းကျေး ရွာအတွင်း မီးလောင်ဗုံး ၄ လုံး ပစ်ချခဲ့တဲ့အတွက် အသက် ၅၄ နှစ်အရွယ် ရွာသားတီးမောင်မီး ဗုံးစထိမှန်ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU အုပ်ချုပ်နယ်မြေမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဒေသခံပြည်သူလူထု ၈ သိန်းနီးပါး နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့  KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...
ဓာတ်ပုံ-PDF
July 1, 2026
တော်လှန်ရေးနဲ့ နိုင်ငံရေး အင်အားစုတွေအနေနဲ့ အချင်းချင်းကြား လက်နက်သုံး ဖြေရှင်းမှုတွေကို...